ယူကရိန်းလေတပ် တပ်မှူးနေရာ အစားထိုးမည်ဟု ဇလန်းစကီးပြောကြား

0
105

လက်ရှိ ယူကရိန်းလေတပ်ကို တာဝန်ယူအုပ်ချုပ်ကွပ်ကဲနေသော တပ်မှူးကို အစားထိုးပြောင်းလဲမည်ဟု ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ယမန်နေ့ည ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ယူကရိန်းလေတပ်ရဲ့ တပ်မှူးနေရာကို အစားထိုးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ယူကရိန်းအတွက် အမှန်တကယ် တိုက်ပွဲဝင်သူအားလုံး၏ ကြိုးပမ်းမှု ရလဒ်အတွက် ကျွန်ုပ်တို့၏ စစ်ဘက်လေယာဉ်မှူးများ၊ အင်ဂျင်နီယာများ၊ ရွေ့လျားပစ်ခတ်မှုအဖွဲ့များ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များအားလုံးကို ကျွန်ုပ် အထူးပင်ကျေးဇူးတင်ရှိပါသည်။ အမိန့်ပေးသည့်အဆင့်ရှိသူများအားလည်း ထို့အတူပင် ကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ခိုင်ခံ့စေရမည်။ ပြည်သူများကို ဂရုစိုက်ပါ။ မိမိတပ်ဖွဲ့ဝင်များကို ဂရုစိုက်ပါ။ ကျွန်ုပ်တို့၏ သူရဲကောင်းစစ်သည်အားလုံးကို ဂရုစိုက်ပါ”ဟု ဇလန်းစကီးကပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်သံမိန့်ခွန်းကို သူ၏ တရားဝင် တယ်လီဂရမ်ချယ်နယ်တွင်လည်း တင်ထားသေးသည်။

ယူကရိန်းနိုင်ငံသို့ ယခုနှစ်အစောပိုင်းက လွှဲပြောင်းပေးအပ်ခဲ့သော အမေရိကန်လုပ် F-16 တိုက်လေယာဉ်တစ်စင်းသည် ယူကရိန်းသို့ပေးအပ်ထားသော အမေရိကန်လုပ် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်လက်ချက်ကြောင့် ပျက်-ကျခဲ့ကြောင်း ယူကရိန်းလွှတ်တော်အမတ် Maryana Bezuglaya က ပြောကြားခဲ့သည်။

“ကျွန်မရဲ့ အချက်အလက်တွေအရ၊ [စစ်တပ်]တပ်ဖွဲ့တွေအချင်းချင်းအကြား ညှိနှိင်းမှုအားနည်းတာကြောင့်၊ ယူကရိန်းလေယာဉ်မှူး Alexey ‘Moonfish’ Mes ရဲ့ F-16 ကို Patriot လေယာဉ်ပစ်ဒုံးစနစ်က ပစ်ချခံခြင်း ခံခဲ့ရတာပါ” ဟု သူမ၏ Telegram အကောင့်တွင် ရေးသားခဲ့သည်။ အဆိုပါဖြစ်ရပ်ကို “ပျ-က်ကျမှု” အဖြစ် လွဲမှားစွာဖော်ပြခြင်းအတွက်လည်း ယူကရိန်းတပ်မတော်၏လေတပ်အား လွှတ်တော်အမတ်က ဝေဖန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here