တောင်သူများကို စိုက်ပျိုးမြေများအား တင်ဒါစနစ်ဖြင့် ငှားရမ်းပေးမည်

0
319

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့်တောင်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမြေများကို တင်ဒါစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်လာစေရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ငှားရမ်းလုပ်ကိုင်ခွင့်ပြုခြင်းများလုပ်နေသည်။

အဆိုပါ ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးမည့် စိုက်ပျိုးမြေများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်ရှိ ဘန်းယဉ်မျိုးသန့်ခြံမှ စိုက်ပျိုးမြေဧက ၂၄၀ ဧကနှင့် ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ် ဘုရင့်နောင် ကားဝင်းအတွင်းရှိ မြေဧက သုည ဒသမ ၉၆၇ ဧက တို့ဖြစ်ကြကြောင်း သိရသည်။

အဆိုပါ မြေဧကများကို စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ စီမံလုပ်ကိုင်ဆောင်ရွက်လိုသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တင်ဒါစည်းမျဉ်းများနှင့်အညီ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here