ဗီယက်နမ်အကောင်းဆုံး ရွှေဘောလုံးဆုရ ကစားသမား မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ

0
65

ဗီယက်နမ်နိုင်ငံ၏ အကောင်းဆုံး ရွှေဘောလုံးဆုရ ကစားသမား Dinh Thanh Trung အား မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်(၄)နှစ်ခွဲချမှတ်လိုက်သည်ဟု ဗီယက်နမ်နိုင်ငံ မီဒီယာတစ်ခုဖြစ်သည့် VN Express က ရေးသားထားသည်။

ယခုနှစ် မေလ(၄) ရက်က Dinh Thanh Trung နှင့်အတူအခြားကစားသမား နှစ်ဦးအပါအဝင် အမျိုးသမီးအချိုတို့မှာ ဟိုတယ်တစ်ခုအတွင်းမူးယစ်ဆေးသုံးစွဲနေစဉ် ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Dinh Thanh Trung သည်၂၀၁၇ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ အကောင်းဆုံးရွှေဘောလုံးဆုကို ရရှိထားသူဖြစ်ပြီးအလားအလာအရှိဆုံး လူငယ်နောက်ခံလူအဖြစ် သတ်မှတ်ခံခဲ့ရသူတစ်ဦးလည်း ဖြစ်သည်။

၎င်းသည် ၂၀၂၄ အာရှ ယူ-၂၃ ဖလားပြိုင်ပွဲမှာ ဗီယက်နမ် ယူ-၂၃ လက်ရွေးစင်အဖြစ် ပါဝင်ကစားခဲ့သူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here