ကျောက်ဆည်မြို့နယ် ထနောင်းပင်လှကျေးရွာ၌ နေအိမ် (၄) လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

0
158

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ထနောင်းပင်လှကျေးရွာ၌ နေအိမ်တစ်အိမ်မှ မီးစတင်လောင်ကျွမ်းရာမှ စုစုပေါင်း နေအိမ် (၄)လုံးအထိ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယမန်နေ့ ဩဂုတ် (၃၀)ရက် နံနက် (၁၁)နာရီခွဲအချိန်ခန့်က ထနောင်းပင်လှကျေးရွာ၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့နှင့်အတူ ပြည်သူများ စုပေါင်း၍ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထနောင်းပင်လှကျေးရွာရှိ သွပ်မိုး၊ အထပ်သားခင်း၊ ပျဉ်ကာ၊ အုတ်ညှပ် (၂)ထပ် လူနေအိမ်တွင် မီးစက်နှိုးထားရာမှ Safeguard အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုမှ တဆင့် ဘေးပတ်ဝန်းကျင်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ လူနေအိမ်(၂)ထပ်(၁)လုံး၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း၊ လူနေအိမ်(၂)ထပ်(၁)လုံးနှင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေ အိမ်(၂)ထပ် (၁)လုံးတိုကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုကြောင့် စုစုပေါင်း လူနေအိမ် (၄)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်ရာ နေ့လယ် (၁၁) နာရီ (၄၅)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်ကို ကျောက်ဆည်မြို့မ ရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here