အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးသို့ မြန်မာနိုင်ငံက တက်ရောက်

0
144

(၂၃) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို အိန္ဒိယနိုင်ငံဗဟိုဘဏ်မှ Virtual စနစ်ဖြင့် ကြီးမှူးကျင်းပခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual ဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့သည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၄ ခုနှစ်အတွင်း SEACEN Centre ၏ လုပ်ငန်းစီမံချက်များကို ဆောင်ရွက်နေမှုများ၊ ၂၀၂၅ ခုနှစ်တွင် ဦးစားပေးဆောင်ရွက်မည့် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ သုတေသနဆိုင်ရာစာတမ်းများနှင့် SEACEN ပညာသင်ဆုများခွဲဝေပေးမှုအခြေအနေများနှင့် ဘတ်ဂျက်အသုံးပြုရန် လျာထားမှု အခြေအ နေများကို SEACEN ခေတ္တအမှုဆောင်ဒါရိုက် တာ Dr. Srichander Ramaswamy က ပြောကြားခဲ့သည်။

ထို့ပြင် Organisation for Economic Co-Operation and Development (OECD) ကို SEACEN Centre ၏ မဟာဗျူ ဟာမိတ်ဖက်အဖြစ် လက်ခံနိုင်ရေးကိစ္စ၊ SEACEN Centre ၏ ဝန်ထမ်းများအတွက် လစာပေးမှုဆိုင်ရာကိစ္စရပ်များ၊ဝန်ထမ်းများခန့်ထားမှုနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများ တံခါးပိတ်အစည်းအဝေးကို ကျင်းပရာ မေခရိုစီးပွားရေးနှင့် ငွေကြေးမူဝါဒဆိုင်ရာ စီမံခန့်ခွဲမှုဌာန၏ ဒါရိုက်တာရာထူးနေရာခန့်အပ်ရေး၊ SEACEN Centre ၏ အလယ်အလတ်အဆင့် ဝန်ထမ်းများ၏ စာချုပ်သက်တမ်းတိုးခြင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းသတ်မှတ်ချက်များ၊ SEACEN Centre ၏ ဝန်ထမ်းများကလိုက်နာရမည့် ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးခဲ့ကြပြီး လိုအပ်သည့် သုံးသပ်ဆုံးဖြတ်မှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here