အက်ဖ်-၁၆ တိုက်လေယာဉ် ပျ-က်ကျ၍ လေတပ်တပ်မှူးကို ဇလန်းကီး ရာထူးက ထုတ်ပယ်

0
170

အနောက်မိတ်ဖက် နိုင်ငံများထံမှ ရရှိထားသော အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စင်းသည် ရုရှား၏ တိုက်ခိုက်မှုတွင် ပျ-က်ကျကာ ပိုင်းလော့‌ေ-သဆုံးခဲ့သည့်အတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေတပ် တပ်မှူးကို ရာထူးက ထုတ်ပယ်လိုက်ကြောင်းသိရသည်။

လေတပ်တပ်မှူး Mykola Oleshchuk ကို ရာထူးထုတ်ပယ်လိုက်သည့်အမိန့်ကို သောကြာနေ့(သြဂုတ် ၃၀) တွင် သမ္မတရုံးက လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

မိမိတို့သည် လူထုကိုကာကွယ်ရန်၊ ကိုယ့်ကိုယ်ကို ကာကွယ်ရန်နှင့် မိမိတို့ စစ်သည်အားလုံးကို ဂရုပြုစောင့်ရှောက်ရန် လိုအပ်ကြောင်းကို ၄င်း အမိန့်ထုတ်ပြန်အပြီး မိနစ်ပိုင်းအကြာတွင် ပြောဆိုခဲ့သော မိန့်ခွန်း၌ ဇလန်စကီးက ပြောသည်။ ယူကရိန်းအနေဖြင့် စစ်တပ်၏ ကွပ်ကဲမှုအဆင့်တွင် အားကောင်းရန် လိုအပ်ကြောင်းလည်း သူက ပြောဆိုခဲ့သည်။

လက်ရှိတွင် Anatolii Kryvonozhko ကို ယာယီ တပ်မှူးအဖြစ် ခန့်အပ်ခဲ့ကြောင်း စစ်ဦးစီးချုပ်က ပြောဆိုသည်။

ယူကရိန်းလွှတ်တော် ကာကွယ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ အမတ်တစ်ဦးက အက်ဖ်-၁၆ သည် ပက်ထရိယော့ခ် လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ပစ်ချခံခဲ့ရခြင်းဖြစ်သည်ဆိုကာ Oleshchuk ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် နေ့မှာပင် သူ ရာထူးဖြုတ်ချခံလိုက်ရခြင်းဖြစ်သည်။

ယူကရိန်းသည် အမေရိကန်လုပ် ယင်း တိုက်လေယာဉ်များကို လက်ခံရရှိထားပြီး အရေအတွက်ကိုမူ အတိအကျ မသိရပေ။

တိုက်လေယာဉ်ပျ-က်ကျခဲ့သည့် အကြောင်းရင်းကို အမည်မဖော်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ အမတ် မာရီယာနာ ဘန်ဇူလာက ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်အတွက် တာဝန်ရှိသူများကို အပြစ်ပေးရန် သူက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here