အိန္ဒိယ၏ ဒုတိယမြောက် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော တပ်တော်ဝင်

0
266

အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးတပ် ရေငုပ်သင်္ဘောသည် ရေတပ်သို့ တပ်တော်ဝင် တာဝန်ပေးသည့် အခမ်းအနားကို ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး Rajnath Singh တက်ရောက်ခဲ့သည်။

ယခု ရေငုပ်သင်္ဘောသည် တိုင်းပြည်၏ နျူကလီးယားသုံးသွယ် တပ်ဖွဲ့စည်းပုံ (မြေပြင်အခြေစိုက် တိုက်ချင်းပစ်ဒုံးကျည်များ-ICBMs၊ ရေငုပ်သင်္ဘောပစ် ပဲ့ထိန်းဒုံးကျည်များ-SLBMs၊ နျူကလီယားဗုံးနှင့် ဒုံးကျည်များ သယ်ဆောင်သော မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ) နှင့် နျူကလီးယား တားဆီးကာကွယ်ရေးကို ပိုမိုအားကောင်းစေလိမ့်မည်ဟု Visakhapatnam တွင်ပြုလုပ်သည့် အခမ်းအနားတွင် ဝန်ကြီးက ပြောဆိုခဲ့သည်။

ဆိပ်ကမ်းမြို့ Visakhapatnam တွင် ပြုလုပ်သည့် ဒုတိယမြောက် Arihant အတန်းအစား ရေငုပ်သင်္ဘော INS Arighaat တာဝန်ပေးခြင်း အခမ်းအနားကို ကာကွယ်ရေးဝန်ကြီး Rajnath Singh တက်ရောက်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏သတင်းထုတ်ပြန်ချက်တွင် ေဖါ်ပြထားသည်။

အခမ်းအနား မိန့်ခွန်းတွင် Singh က Arighaat သည် အိန္ဒိယ၏ နျူကလီးယားသုံးသွယ် တပ်ဖွဲ့စည်းပုံကို ပိုမိုအားကောင်း ခိုင်မာစေမည်ဖြစ်ပြီး နျူကလီးယားလက်နက် အသုံးပြုမှု ကို တားဆီးကာကွယ်ရေးကို မြှင့်တင်ပေးကာ ဒေသတွင်း၌ မဟာဗျူဟာမြောက် ဟန်ချက်ညီမျှမှုအတွက် အထောက်အကူဖြစ်စေကာ နိုင်ငံ၏ လုံခြုံရေးတွင် အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Ref: သည်အီကော်နေမစ်တိုင်းမ််စ်


LEAVE A REPLY

Please enter your comment!
Please enter your name here