တောင်တရုတ်ပင်လယ်အရေးတင်းမာချိန် ဖိလစ်ပိုင်နှင့်ဗီယက်နမ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

0
229

မနီလာ၊ဩဂုတ် ၃၀

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ပေကျင်းနှင့် အဆင်မပြေဖြစ်နေသော နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် စစ်ဘက်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ရေကြောင်းလုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နှင့်ဖိလစ်ပိုင်တို့သဘောတူညီခဲ့ကြ‌ကြောင်းသိရသည်။

ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး Phan Van Giang သည် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro နှင့်ဆွေးနွေးရန် မနီလာမြို့၌ ရောက်ရှိနေပြီး ဖိလစ်ပိုင်သမ္မတထံလည်း ဝင်ရောက်တွေ့ဆုံနှုတ်ဆက်စကားဆိုခဲ့သေးကြောင်းသိရသည်။

၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှု၊အပြန်အလှန်ကူးသန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်း ကတိကဝတ်များပြုခဲ့ကြသေးသည်။

နှစ်မကုန်မီ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက‌ေပြာကြားခဲ့ပြီး သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြင့် နိုင်ငံတကာဥပဒေဘောင်အတွင်းမှ ဖြေရှင်းရန်လည်း သဘောတူညီခဲ့ကြကြောင်းသိရသည်။

Source : ရိုက်တာ/အာရ်ဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here