ရုရှားနယ်ထဲ ပိုမိုဝင်ရောက် ထိုးစစ်ဆင်ခွင့်ပြုရန် အမေရိကကို ဇလန်းစကီးတောင်းဆို

0
336

ကိဗ်၊စက်တင်ဘာ ၁

ယူကရိန်းသမ္မတဇလန်းစကီးက ၎င်းတို့အနေဖြင့် ရုရှားပိုင်နက်ထဲသို့ ပိုမို ဝင်ရောက် ထိုးစစ်ဆင်နိုင်ရန် အမေရိက က ခွင့်ပြုပေးစေလိုကြောင်း အမေရိက ကို ဖိအားပေးပြောကြားခဲ့သည်ဟုသိရသည်။

ဝါရှင်တန်အနေဖြင့် ယူကရိန်းကို ၂၀၂၂ ခုနှစ်ကတည်းက ဒေါ်လာ ၅၀ ဘီလျံကျော်တန်ဖိုးရှိ စစ်ရေးအကူအညီများ ကိုထောက်ပံ့ပေးခဲ့သော်လည်း ရုရှားပိုင်နက်အတွင်းနှင့် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများတွင် အမေရိက ကထောက်ပံ့ပေးထားသည့်လက်နက်များအသုံးပြုမှုကို ကန့်သတ်ထားသည်။

ဇလန်းစကီးကမူ ယူကရိန်းနှင့်ယူကရိန်းပြည်သူများကို အပြည့်အဝကာကွယ်ပေးနိုင်ရန်အတွက် စွမ်းရည်များလိုအပ်သောကြောင့် ဆက်လက်ကူညီပေးရန်လည်း အမေရိက၊ဗြိတိန်၊ပြင်သစ်နှင့်ဂျာမနီတို့ကို မေတ္တာရပ်ခံ ထားကြောင်းသိရသည်။

“ယူကရိန်းမြေကိုကာကွယ်ဖို့အတွက် အမေရိက ကထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်ကိုအသုံးပြုခွင့်လိုတယ်၊ ဒုံးရော၊ကျည်ရောလိုနေပါတယ်” ဟု ဇလန်းစကီးကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here