ကုလသမဂ္ဂ၏ နိုင်ငံပေါင်း ၁၀ နိုင်ငံအတွက် အရေးပေါ်ကူညီရေးရန်ပုံငွေ ခွဲဝေမှုတွင် မြန်မာနိုင်ငံက ဒေါ်လာ ၁၂ သန်းရ

0
167

ကုလသမဂ္ဂက နိုင်ငံပေါင်း ၁၀ နိုင်ငံအတွက် အရေးပေါ်ကူညီရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခွဲဝေချထားရာတွင် မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာ ၁၂ သန်းရရှိကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ကုလသမဂ္ဂအနေဖြင့် ဩဂုတ် ၃၀ ရက်တွင် အရေးပေါ်ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချထားပေးခြင်း ဖြစ်ပြီး အာဖရိက၊ အမေရိက (မြောက်အမေရိက၊ ဗဟိုအမေရိက၊ တောင်အမေရိက)၊ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသတို့ရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံကို ခွဲဝေပေးခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၏ ယာယီ under-secretary-general ဂျွိုက်စ်ဆူယာက ဗဟိုအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ (CERF) ထဲမှ အဆိုပါ ရန်ပုံငွေအား တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

ခွဲဝေချထားမှုများအရ ယီမင်နိုင်ငံက အရေးပေါ်ရန်ပုံငွေ ဒေါ်လာ သန်း ၂၀၊ အီသီယိုပီးယားနိုင်ငံက ဒေါ်လာ ၁၅ သန်း၊ မြန်မာနိုင်ငံက ဒေါ်လာ ၁၂ သန်း၊ မာလီနိုင်ငံက ဒေါ်လာ ၁၁ သန်း၊ ဘာကီနာဖာဆိုက ဒေါ်လာ ၁၀ သန်း၊ ဟေတီနိုင်ငံက ဒေါ်လာ ၉ သန်း၊ ကင်မရွန်းနိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံတို့က ဒေါ်လာ ၇ သန်းစီ အသီးသီးရရှိမည်ဟုလည်း UNOCHA က ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here