အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို အမျိုးသားအဆင့်ယန္တရားဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည်

0
147

မြန်မာနိုင်ငံအနေဖြင့် ILO နှင့် ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaint Mechanism– NCM) ကို အကောင်အထည်ဖော်ဆောင်ရွက်​နေခဲ့သည်။

အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီမှ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်း ပေးလျက်ရှိသည်။

လက်ရှိအချိန်တွင်လည်း မည်သူမဆို အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ILO ဆက်သွယ်ရေးအရာရှိရုံး (ရန်ကုန်) နှင့် အခြားအဖွဲ့အစည်းများမှတစ်ဆင့် တိုင်ကြားနိုင်သည်။

အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်သို့ လူကိုယ်တိုင် (သို့မဟုတ်) စာဖြင့်လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇- ၃၄၃၀၂၇၄ နှင့် E-mail လိပ်စာ [email protected], [email protected], [email protected] များသို့လည်းကောင်း တိုင်ကြားသူနှင့် အဓမ္မခိုင်းစေခံရသူများ လုံခြုံစိတ်ချစွာ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here