လွိုင်ကော် အ​​ခြေ​အ​နေ

0
57

ကယားပြည်နယ်၊လွိုင်​ကော်တွင် သီရိမင်္ဂလာ‌ဈေးအသစ်တည်ဆောက်​နေဆဲဖြစ်ရာ မြေတူးဖော်ခြင်းလုပ်ငန်း၊ ရေနှုတ်မြောင်း အစီအမံများ၊ယာယီပျံကျ ဈေးသည်များ အမိုးအကာနှင့် အမြန်ဆုံးရောင်းဝယ်နိုင်ရေးတို့ကို လုပ်နေကြောင်းသိရသည်။

ထို့သို့ တည်ဆောက်နေစဥ် သီရိမင်္ဂလာ​(ယာယီ)​စျေး ဖွင့်ကာသက်သာသောနှုန်းထားများနှင့်အချိန်အတွယ်မှန်ကန်မှုရှိစေရေး အတွက်စျေးတာဝန်ရှိသူများ လုပ်ဆောင်နေကြသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လမ်းဦးစီးဌာနကလည်း ဒေါတမရပ်ကွက်ရှိ ရန်အောင်လမ်း ကျောက်စီရေမြောင်းတည်ဆောက်နေသည်။

နမ့်ဘော်ဝမ်(ခ)ရပ်ကွက်ရှိ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနကလည်းပြည်နယ် အတွက် လိုအပ်သည့် ငါးသားပေါက်များ ဖြန့်ဖြူးပေးနိုင်ရေး၊ ငါးမွေးတောင်သူများအား ငါးဆေးထိုးသားဖောက်နှင့် ငါးမွေးမြူရေးသင်တန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ငါးသားဖောက်ကန်များ တည်ဆောက်နေခြင်းများ လုပ်ဆောင်နေသည်ဟုသိရသည်။

ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရသုံးမှန်ခြေ ငွေစာရင်းဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနများသို့  ပြန်လည်ရောက်ရှိလာသည့် ဝန်ထမ်းများနေရာ ချထားနိုင်ရေးနှင့် ရုံးများအမြန် ပြန်လည်ဖွင့်လှစ်နိုင်ရေး ၊ ပြည်သူ့အငှားအိမ်ရာတွင် နေထိုင်မည့် ဝန်ထမ်းများနှင့် ပြည်သူများအား စနစ်တကျ ပြန်လည်နေရာချထားပေးေရးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here