ပုဂ္ဂလိကဘဏ်အချို့ အတိုးနှုန်းပြင်ဆင်သတ်မှတ်

0
236

ပုဂ္ဂလိကဘဏ်များ၏ အပ်ငွေအတိုးနှုန်းကို အပ်ငွေအမျိုးအစားပေါ် မူတည်ပြီး အနည်းဆုံး ၈ ရာခိုင်နှုန်းမှ အများဆုံး ၁၂ ဒသမ ၅ ရာခိုင်နှုန်းအတွင်း တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ပြည်တွင်းဘဏ်အချို့က ဩဂုတ် ၃၁ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်မှအနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရန်နှင့် ဘဏ်များမှ ချေးငွေပိုမိုထုတ်ချေးနိုင်ရန်တို့အတွက် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဩဂုတ် ၁၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်လိုက်သည့် အတိုးနှုန်းမှာ လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သို့လည်းကောင်း၊ ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရအပ်ငွေနှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here