ဂါဇာတွင် မည်သူမည်ဝါမှန်းမသိရသော ရုပ်အလောင်းများတွေ့–အစ္စရေး

0
411
A Palestinian man who retuned briefly to eastern Deir al-Balah in central Gaza Strip to check on his home, reacts at the sight of the devastation as he sits next to a woman amid the rubble, after Israeli troops pulled out from some blocks in the area on August 29, 2024, amid the ongoing conflict between Israel and the Hamas militant group. (Photo by Eyad BABA / AFP)

ဂါဇာတိုက်ပွဲအတွင်း ရုပ်အလောင်းများစွာ ကိုတွေ့ရှိထားကြောင့်နှင့် အလောင်းများ ကိုမည်သူ ည်ဝါဖြစ်သည်ကို ဖော်ထုတ်နိုင်ရန် နာရီပေါင်းများစွာ အချိန်ယူရ၍ လုပ်ဆောင်နေကြောင်း အစ္စရေး စစ်တပ်က စနေနေ့တွင် ထုတ်ဖော်ပြောဆိုသည်။

ရုပ်အလောင်းများ၏ ကိုယ်ရေးအချက်အလက်နှင့်ပတ်သက်၍ ကောလာဟလ မဖြန့်ကြရန် အများပြည်သူကို တောင်းဆိုထားသည်။

အစ္စရေးနှင့် အဆက်အသွယ်လုပ်ခဲ့သော သူ၏ ဝန်ထမ်းများက ဂါဇာတွင် အလောင်းများတွေ့ရှိသည်ကို အတည်ပြုခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ ရုပ်အလောင်းအရေအတွက် အတိအကျကို သေချာစွာ မသိရသကဲ့သို့ လက်ရှိအချိန်တွင် အလောင်းများသည် မည်သူမည်ဝါဖြစ် သည်ကို မဖော်ထုတ်နိုင်သေးကြောင်းလည်း မစ္စတာ ဘိုင်ဒင်က ပြောဆိုသည်။

Delaware ရှိ Rehoboth ကမ်းခြေတွင် သတင်းထောက်များကို ပြောဆိုခဲ့ရာ၌ ဂါဇာပဋိပက္ခ ရပ်တန့်ရေး အပစ်ရပ် သဘောတူညီချက်ရနိုင်သည်ဟုသူ့အနေဖြင့်ထင်မြင်ဆဲဖြစ်ကြောင်း မစ္စတာ ဘိုင်ဒင်က ပြောသည်။ သဘောတူညီချက်ရရန် နီးစပ်နိုင်သည်ဟု မိမိတို့ထင်မြင်ကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို အားလုံးကသဘောတူသည်ဟုပြောဆိုထားကြောင်း သူက ဆိုခဲ့သည်။

လက်ရှိတွင် အစ္စရေးတပ်များသည် သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းဒေသတွင် လေးရက်မြောက်အဖြစ် ကြီးမားသည့် စစ်ဆင်ရေးလုပ်ဆောင်နေပြီး ဂါဇာစစ်ပွဲ ၁၁ နီးပါးကြာလာချိန်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။
Ref: အာရ်တီအီး


LEAVE A REPLY

Please enter your comment!
Please enter your name here