ဂါဇာ၌ ပိုလီယိုကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှားမှုစတင်

0
63
A health worker administers the Polio vaccine to a Palestinian child in Zawayda in the central Gaza Strip on September 1, 2024, amid the ongoing conflict between Israel and the militant group Hamas. - The World Health Organization said Israel had agreed to at least three days of "humanitarian pauses" in parts of Gaza, starting on August 31, to facilitate a vaccination drive after the territory recorded its first case of polio in a quarter of a century. (Photo by Eyad BABA / AFP)

ဂါဇာ၊စက်တင်ဘာ ၁

အစ္စရေးနှင့်ဟားမတ်စ်တို့ကြားယာယီသဘောတူထားသည့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအတွက် အပစ်အခတ်ရပ်ထားချိန်တွင် ဂါဇာ၌ ပိုလီယိုကာကွယ်ဆေးထိုးပေးခြင်း လှုပ်ရှားမှုကို ဩဂုတ်လ ၃၁ ရက်‌ နေ့ကစတင်ခဲ့ကြောင်းသိရသည်။

မဖြစ်ပွားသည်မှာ ကြာပြီဖြစ်သည့် ပိုလီယိုရောဂါသည် ယခုအခါ ဂါဇာ၌ပြန်တွေ့နေရပြီဖြစ်ကြောင်း ကြေငြာချက်ထွက်ပေါ်လာပြီးနောက် ကာကွယ်ဆေးထိုးရန်အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြခြင်းလည်းဖြစ်သည်။

ယခု လှုပ်ရှားမှု ကာလအတွင်း ကလေးအတော်များများကို ပထမဆုံးအကြိမ်အဖြစ် ပိုလီယိုကာကွယ်ဆေးထိုးနိုင်ခဲ့ပြီး ၎င်းတို့ထဲတွင် အဆုတ်ယောင်‌‌ရောဂါဖြစ်နေသဖြင့် ဆေးရုံတက်နေရသည့် သုံးနှစ်အရွယ်ကလေးငယ်လည်းပါဝင်ကြောင်းသိရသည်။

ယခုပိုလီယိုကာကွယ်ဆေးထိုး လှုပ်ရှားမှုတွင် အသက် ၁၀ နှစ်အောက် ကလေးပေါင်း ၆၄၀,၀၀၀ ကျော်ကို ထိုးနှံကာကွယ်ပေးနိုင်ရန်ရည်ရွယ်ကြောင်းသိရသည်။

အစ္စရေးသည် ဂါဇာသို့လူသားချင်းစာနာထောက်ထားမှုနှင့် ကာကွယ်ဆေးထိုးနှံရန်အတွက် သုံးရက်တာအပစ်အခတ်ရပ်စဲရေးအား သဘောတူ ခဲ့သဖြင့် ကာကွယ်ဆေးစတင်ထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အယ်လ်အိတ်ခ်ျ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here