ASEAN-Korea Youth Summit တက်ရောက်ခွင့် မြန်မာလူငယ်များလျှောက်ထားနိုင်

0
96

တောင်ကိုးရီးယားရောက် မြန်မာလူငယ်များအနေဖြင့် ASEAN-Korea Youth Summit တက်ရောက်ခွင့် လျှောက်ထားနိုင်ကြောင်း ဆိုးလ်မြို့ရှိ၊ မြန်မာသံရုံးက အသိပေးကြေညာထားသည်။

ASEAN-Korea Youth Summit ကိုနိုဝင်ဘာလ ၅ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီးမြန်မာလူငယ်များအနေဖြင့် စက်တင်ဘာလ ၈ ရက်အထိ တတ်ရောက်ခွင့်ကို လျှောက်ထားနိုင်ကြောင်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံတွင် တက္ကသိုလ် သို့မဟုတ် မဟာဘွဲ့သင်တန်းတက်ရောက်နေသည့် မြန်မာနိုင်ငံသား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆိုပါ ညီလာခံတက်ရောက်ခွင့်ကို လျှောက်ထားနိုင်ပြီး လျှောက်ထားသူများထဲမှ ၅ဦးကို ရွေးချယ် တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တက်ရောက်ခွင့်လျှောက်လွှာကို သံရုံး၏ကြေညာချက်တွင် ပူးတွဲဖော်ပြထားပြီး [email protected] သို့ ပေးပို့လျှောက်ထားရန် အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here