တရုတ်ပြည်မှစွယ်တော်နှင့်အတူ ရင်ငွေ့ခိုလှုံခဲ့ကြသည့် စွယ်တော်ပွားများကိန်းဝပ်ရာ စွယ်တော်မြတ် စေတီ၂ဆူသို့ နစကဥက္ကဋ္ဌ တပတ်အတွင်းသွားရောက်

0
79

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှသည် စွယ်တော်မြတ်စေတီတော်(ရန်ကုန်) သို့ ယနေ့ စက်တင်ဘာ တစ်ရက်က သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ပြီးခဲ့သည့် ၅ရက်ကလည်း မန္တလေးရှိ စွယ်တော်မြတ်စေတီကိုသွားရောက်ဖူးမျှော်ခဲ့သေးသည်။မြို့ကြီး၂မြို့ရှိ ထိုစွယ်တော်မြတ်စေတီတော် တွင် ကိန်းဝပ်နေသော စွယ်တော်များမှာ တရုတ်နိုင်ငံရှိ စွယ်တော် နှင့်အတူ ရင်ငွေ့လှုံကိန်းဝပ်ထားသော စွယ်တော်ပွားများဖြစ်သည်။

မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလ ကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ် စေတီတော်(ရန်ကုန်)အား ဖူးမြှော်ကြည်ညို၍ စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည်အလှူငွေများနှင့် စုပေါင်းအလှူတော်ငွေများကိုလည်းယနေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ အား သွားရောက် ဖူးမြော်ကြည်ညို၍ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြလျှောက်ထားကာ ဆရာတော်ကြီး၏ မိန့်ကြားမှုများကို နာယူခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here