ဓ-ါးစာခံခြောက်ဦးအသ–တ်ခံရ၍ အစ္စရေး၌ ဆက်လက်ဆန္ဒပြ

0
284
Protesters lift flags and placards around symbolic coffins representing six Israeli hostages whose bodies were recovered from the Gaza Strip, during an anti-government rally calling for the release of the captives held by Palestinian militants in Gaza since October, in Tel Aviv on September 1, 2024. - Families of Israeli hostages have called for a nationwide general strike starting September 1 night to force the government to reach a deal to secure the release of captives still held in Gaza. (Photo by JACK GUEZ / AFP)

ဂျေရုဆလင်၊စက်တင်ဘာ ၂

အစ္စရေးဓ-ါးစာခံများကိုလွတ်မြောက်စေနိုင်သည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို လက်မခံခဲ့ဘဲ ခေါင်းမာနေခဲ့သည့် အစ္စရေးအစိုးရ၏လုပ်ရပ်ကြောင့် ဓ-ါးစာခံခြောက်ဦး‌ေ-သဆုံးခဲ့ရသဖြင့် အစ္စရေးနိုင်ငံသားများက ဆက်လက် ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

ဂျေရုဆလင်၊တဲလဗီနှင့်အခြားမြို့ကြီးများတွင် ဆန္ဒပြခဲ့ကြပြီး စုစုပေါင်းလူဦးရေ ၅၀၀,၀၀၀ အထိရှိနိုင်ကြောင်း အစ္စရေးမီဒီယာများကဖော်ပြထားပြီး ၎င်းတို့သည် ဝန်ကြီးချုပ်နေတန်ယာဟုအနေဖြင့် ကျန်ရှိနေသေးသည့်ဓ-ါးစာခံ ၁၀၁ ဦးအား ကယ်တင်နိုင်ရန်အတွက် ကြိုးပမ်းပေးသင့်ကြောင်းတောင်းဆိုခဲ့ကြကြောင်းသိရသည်။

ဂျေရုဆလင်၌မူ ဆန္ဒပြသူများသည် ဝန်ကြီးချုပ်၏နေအိမ်တော်ကို ဝိုင်းပတ်ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။အပေါ်စီးမှရိုက်ကူးထားသည့် ဆိုရှယ်မီဒီယာမှဗီဒီယိုဖိုင်များ၌မူ သ-တ်ဖြ-တ်ခြင်းခံခဲ့ရသည့် ဓ-ါးစာခံများ၏ဓာတ်ပုံများနှင့် အလံများကိုကိုင်ဆောင်ထားသည့် ဆန္ဒပြလူထုကိုမြင်တွေ့ရသည်။

အစ္စရေး၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါဆန္ဒပြသူများအနက် ၂၉ ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဝန်ကြီးအိမ်ကိုပိတ်ဆို့ထားသည့်လူအုပ်ကြီးကို ရေအမြှောက်ဖြင့် လူစုခွဲခဲ့သည်ဟုလည်းသိရသည်။

ဟားမတ်စ်တို့၏လက်ချက်ဖြင့် ‌ေ-သဆုံးခဲ့ရသည့် ဓ-ါးစာခံခြောက်ဦး၏ရုပ်အလေ-ာင်းများကို အစ္စရေးသို့ပြန်လည်ယူဆောင်လာနိုင်ပြီဖြစ်ကာ မှုခင်းဆရာဝန်များ၏စစ်ဆေးချက်အရ ၎င်းတို့သည် လွန်ခဲ့သည့် ၄၈ နာရီမှ ၇၂ နာရီအတွင်း ‌ေ-သနတ်ဖြင့် အနီးကပ်ပစ်ခတ်သ-တ်ဖြ-တ်ခံခဲ့ရခြင်းမျိုးဖြစ်နိုင်သည်ဟုသိရသည်။

ဟားမတ်စ်အဖွဲ့မှတာဝန်ရှိသူတစ်ဦးကမူ ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန်ပျက်ကွက်ခဲ့သည့် အစ္စရေး၏ တာဝန်သာဖြစ်ကြောင်းပြောကြားခဲ့သကဲ့သို့ ဝန်ကြီးချုပ်နေတန်ယာဟုကမူ ယခုလုပ်ရပ်များအတွက် တာဝန်ရှိသူများကို ဖမ်းဆီးကာ မသုတ်သင်နိုင်သရွေ့ စစ်ကိုရပ်တန့်မည်မဟုတ်ကြောင်းလည်းဆိုခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here