ကင်မ်က ဆောက်လုပ်ရေးစီမံချက်များဖြင့် ဒေသဖွံ့ဖြိုးရေးအား တွန်းအားပေး

0
290
This picture taken on August 27, 2024 and released from North Korea's official Korean Central News Agency (KCNA) via KNS on August 28, 2024 shows North Korean leader Kim Jong Un (C) inspecting a test-fire of the 240mm rocket artillery weapon system at an undisclosed location in North Korea. (Photo by KCNA VIA KNS / AFP)

ဆိုးလ်၊စက်တင်ဘာ ၂

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းသည် စက်ရုံများနှင့် ကျေးလက်ဒေသများတွင် ကျန်းမာရေး၊သိပ္ပံနှင့်ပညာရေးဆိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA တွင်ဖော်ပြထားသည်။

မြောက်ကိုရီးယား၏စီးပွားရေးသည် စိုက်ပျိုးရေးအပေါ်သာအဓိကမှီခိုနေရသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို မြှင့်တင်ရန်ကြိုးပမ်းမှုများရှိနေသော်လည်း ကင်မ်၏ နျူနှင့်ဒုံးကျည်အစီအစဉ်များကို ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများသည်ထိခိုက်နေပြီး အစာရေစာပြတ်လပ်မှုများရှိနေသေးသဖြင့် လယ်ယာလုပ်ငန်းဖြင့်ကျေးလက်လူထုကို ခေတ်မီအောင်တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

မြို့ကြီးများနှင့်ခရိုင်များတွင် ကျန်းမာရေး၊သိပ္ပံပညာဆိုင်ရာ အဆောက်အအုံများတည်ဆောက်ခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရာ၌ မရှိမဖြစ်အရေးတကြီးလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းလည်း ကင်မ်ကပြောကြားခဲ့သည်။

ဆက်လက်၍လည်း ကင်မ်က မည်သို့သောစိန်ခေါ်မှုများရှိနေပါစေ ခေတ်မီသော ကျန်းမာရေးအဆောက်အအုံများကို ပြီးစီးအောင်တည်ဆောက်နိုင်ရေးကိုပါ ဦးစားပေးလုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here