လှိုဏ်ဂူများအတွင်း စစ်ရှောင်နေကြ သည့်ဒေသခံများအား စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း

0
58

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ လှိုဏ်ဂူများအတွင်း စစ်ရှောင်နေကြရသော ဒေသခံများထံသို့ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နယ်စည်းမခြားပရဟိတ(သီပေါ)အဖွဲ့ထံက သိရသည်။

အဆိုပါ ဒေသခံစစ်ရှောင်များထံသို့ ယနေ့ စက်တင်ဘာ(၂)ရက်တွင် ဆန်အပါအဝင် ဆီ၊ ဆား၊ ကြက်ဥတို့ကိုသွားရောက်ထောက်ပံ့လှူဒါန်းခဲ့သည်ဟု အဖွဲ့တာဝန်ခံတစ်ဦးက ဓာတ်ပုံနှင့်တကွရေးသားမျှဝေထားသည်ကိုတွေ့ရသည်။

ဒေသခံ စစ်ရှောင်မိသားစုများအနေဖြင့် မည်သည့်လှိုဏ်ဂူများအတွင်း ခိုလှုံနေကြသည်နှင့် အိမ်ထောင်စုဝင်မည်မျှရှိသည်ကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းထားသော်လည်း ဒေသတွင်း ဆက်သွယ်ရေး ကွန်ရက်ပြတ်တောက်နေခြင်းအတွက် အဆက်အသွယ်မရရှိသေးပေ။

လက်ရှိတွင် သီပေါမြို့၌ တိုက်ပွဲများငြိမ်သက်နေကြောင်း နှင့် ညမထွက်ရအမိန့် ထုတ် ပြန်ကြေညာထားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ-နယ်စည်းမခြား ပရဟိတ (သီပေါ)


LEAVE A REPLY

Please enter your comment!
Please enter your name here