ကျောက်မဲမြို့တွင် စစ်ရှောင်ယာယီစခန်း(၅)ခုအထိ ပြန်လည် ဖွင့်လှစ်ထားပြီဟုဆို

0
135

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ရှောင်စခန်း (၅)ခုအထိ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

ပြီးခဲ့သော ဩဂုတ်လ(၂၇)ရက်နှင့် ဩဂုတ်(၂၉)ရက် ညပိုင်းတို့တွင် ကျောက်မဲမြို့အတွင်း လေကြောင်း ပစ်ခတ်မှုရှိလာခြင်းကြောင့် ယာယီစစ်ရှောင်စခန်းများ ပြန်လည်ဖွင့်လှစ်ပေးခဲ့ဖြစ်သည်။

လက်ရှိ ဖွင့်လှစ်ပေးထားသည့် စစ်ရှောင်စခန်း(၅)မှာ နောင်ပိန် ကမ်းလင့်လက်များအသင်းရုံး၊ နောင်ပိန်ဓမ္မာရုံ၊ စခန်းသာကျောင်း၊ ခိုသစ်ကျောင်းနှင့် ကျိုက်ထီးရိုးကျောင်း တို့ဖြစ်ပြီး၊ ဒေသခံ (၅၀၀)ကျော်
ခန့် ခိုလှုံနေထိုင်နေကြကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်တွင် အင်တာနက်လိုင်းနှင့် MPT ဖုန်းလိုင်းအချို့ပြန်လည်ရရှိနေသော်လည်း ရံဖန်ရဲံခါ ပြတ်တောက်နေသေးကြောင်း သိရသည်။

‌အခုရက်ပိုင်းအတွင်း ကျောက်မဲမြို့တွင်လေကြောင်း တိုက်ခိုက်ခံရမှုနှင့် မြေပြင်တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေကာ၊ တိုက်ပွဲများကြောင့် ရှမ်းမြောက်မှ ရှမ်းတောင်သို့ သွားလာရေးလမ်းပိုင်း ခက်ခဲနေကြောင်း ဆိုသည်။

“အခုက ပြည်ထောင်စု လမ်းမကြီးလည်းပိတ်ထားတယ်။ အင်တောလမ်းလည်းပိတ်ထားတယ်။ တောင်ကြီးကိုသွားရင် သီပေါ-နမ့်လန် -ကျောက်ဂူ-ရပ်စောက် အဲ့ဒီပတ်တစ်ကြောကနေ ကွေ့ပတ်ပြီးလာရတာ။ အန္တရာယ်လည်းများပါတယ်”ဟု ၎င်းက ရှင်းပြသည်။

အလားတူ သီပေါမြို့တွင်လည်း တပ်မ‌တော်စခန်းအချို့အား ဒေသတွင်းအကြမ်းဖက်အဖွဲ့များဖြစ်သည့် TNLA နှင့် ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်နေသော်လည်း ယနေ့အချိန်အထိ သိမ်းဆည်းရမိခြင်းမရှိသလို တပ်မတော်ဘက်ကလည်း ဝေဟင်ပစ်ကူများ‌ဖြစ် ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here