စားအုန်းဆီ လက်ကားရည်ညွှန်းသတ်မှတ်ဈေး ဆက်လက်မြင့်တက်

0
261

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ယခုတစ်ပါတ်တာ အတွက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၆၄၉၀ ကျပ် အဖြစ် ရည်ညွှန်းသတ်မှတ်ထားသည်။

အထက်ပါဈေးနှုန်းမှာ စက်တင်ဘာ၂ ရက်မှ စက်တင်ဘာ ၉ ရက် အထိ ရောင်းချရမည့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးဖြစ်သည်။

ထိုရည်ညွှန်းစျေးသည် ယခင် တပတ်တာ ရည်ညွှန်းစျေး ၆၃၇၅ ကျပ်နှင့် နှိုင်းယှဉ်လျှင် ယခုတပတ်သည် ၁၁၅ ကျပ် မြင့်တက်ခြင်းဖြစ်သည်။

ထိုနည်းတူ ပြင်ပစျေးကွက်တွင်လည်း စားသုံးဆီဝယ်ယူရန် ခက်ခဲနေဆဲဖြစ်ပြီး တစ်ပိဿာ ကျပ်တစ်သောင်းရှစ်ထောင်မှ နှစ်သောင်းသုံးထောင် နီးပါးရှိလာနေကြောင်း သိရသည်။

“အပြင်မှာရေသန့်ဘူးတစ်ဘူးနဲ့ကို ကိုးထောင်ရောင်းနေပြီ” ဟု စားသုံးဆီ တန်းစီသူ အမျိုးသမီးကပြောသည်။

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကမူ စားအုန်းဆီလက်ကား ရည်ညွှန်းဈေးနှုန်းကို ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုတွေနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်နေပြီး စားအုန်းဆီ အဓိကတင်ပို့နေသည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ဈေးနှုန်း၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခများကို ထည့်သွင်းတွက်ချက်ပြီး ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here