မှတ်ပုံတင်ရန် ကျန်နေသေးသည့် နိုင်ငံရေးပါတီ ၅ ပါတီကို ရွေးကောက်ပွဲအမီ ခွင့်ပြုနိုင်ရန် လုပ်ဆောင်နေ

0
325

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ဆက်လက် တည်ထောင် မှတ်ပုံတင်ခွင့် လျှောက်ထားသော နိုင်ငံရေးပါတီများအနက် မှတ်ပုံတင်ရန် ကျန်ရှိနေသည့် နိုင်ငံရေးပါတီ ၅ ပါတီကို ရွေးကောက်ပွဲအမီ စိစစ်ခွင့်ပြုနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ဆက်လက် တည်ထောင် မှတ်ပုံတင်ခွင့် လျှောက်ထားသော နိုင်ငံရေးပါတီ ၅၀ ပါတီနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ ယနေ့အထိ တည်ထောင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၇ ပါတီ စုစုပေါင်း ၆၇ ပါတီ ရှိကြောင်း သိရသည်။

၄င်း ပါတီများအနက် နိုင်ငံရေးပါတီ ၅၁ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ကာ တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေး ပါတီ ၃ ပါတီနှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ပါတီ စုစုပေါင်း ၁၁ ပါတီအား ဥပဒေနှင့်အညီ ငြင်းပယ်ခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိထားရသည်။

ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ထောင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ခွင့်လျှောက်ထားရမည့် နိုင်ငံရေးပါတီ ၂ ပါတီ နှင့် မှတ်ပုံတင်ခွင့်စိစစ်ဆဲ နိုင်ငံရေးပါတီ ၃ ပါတီ စုစုပေါင်း ၅ပါတီကျန်ရှိနေကာ ၄င်းတို့ကို ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အမီ စိစစ်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here