တက္ကစီယာဉ်များ ရပ်နားရန်နေရာ စည်ပင်မှပြုလုပ်ပေးထားဟုဆို

0
77

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် တက္ကစီယာဉ်များအတွက် ရပ်နားရန်နေရာကို စည်ပင်မှပြုလုပ်ပေးထားသော်လည်း တချို့မှာရပ်နားခြင်းမရှိပဲ ခရီးသည်များသည့် ဘတ်စ်ကားမှတ်တိုင်လိုတွင် နေရာများ၌ ရပ်လေ့ရှိကြောင်း YRTC မှ သိရသည်။

ယခင်ကတည်းက တက္ကစီယာဉ်များ‌ရပ်နားရန်နေရာပြုလုပ်ပေးထားသော်လည်း ဘတ်စ်ကား မှတ်တိုင် လမ်းဆုံ/လမ်းခွ၊ လမ်း ကွေ့/လမ်းထောင့်နှင့် မျဉ်းဝါကွက်များအတွင်း ရပ်ဆိုင်းနေသည့် တက္ကစီယာဉ်များရှိနေခြင်းဖြစ်သည်။

” တက္ကစီတွေရပ်ဖို့နေရာက အရင်ကတည်းကရှိပြီးသား။ စည်ပင်ကလုပ်ပေးထားတယ်။ ဘတ်စ်ကား မှတ်တိုင်တွေမှာရပ်တဲ့တက္ကစီတွေကိုအရင်ကတည်းက ဖမ်းဆီးအရေးယူတာတွေရှိပါတယ်။ အခုမှမဟုတ်ပါဘူး”ဟု YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။

“နိုင်ငံခြားမှာ taxi stand မဟုတ်ရင် မရပ်ရဘူး၊ ခရီးသည်တွေကလည်း ကြုံတဲ့နေရာကနေငှားရင်တောင် နောက်ကယာဥ်တွေ အခက်အခဲ မဖြစ်မယ့် နေရာမျိုးကို ရွေးငှားကြတယ်၊ ကားဆရာ တွေကလည်း ကိုယ့်ကြောင့်သူများ အ ေနှာင့်အယှက်မဖြစ်အောင် စဥ်းစားကြရတယ်။ ဒီမှာကတော့ ငှားတဲ့သူက freelane ကွေ့ေကြာက‌ေန စောင့်ငှားလည်း အငှားယာဥ် မောင်း ကရပ်ပေးတာပဲ၊ စျေးညှိနေတာက ကြာသေး၊ ကားတွေကြပ်ပြီဆို ငှားတဲ့သူနဲ့ ကားဆရာ နဲ့ စျေးဆစ်လို့ မပြီးကြတာနဲ့ နောက်ကားထွက်မရ တာတွေလည်း ခနခန ကြုံရတယ်၊ အငှားယာဥ်မောင်း ဆရာကြီးေတွကော တက္ကစီ စီးမယ့် ခရီးသည်ကြီးတွေကိုပါ တောင်းပန်ပါတယ်၊ ကျွတ်ကျွတ်လွတ်လွတ်မှာ စျေးစကား ပြော ကြပါလို့” ဟု မြို့တွင်း ကားမောင်း နေရသူတစ်ဦးကဆိုသည်။

ထို့ပြင်စီးတီးတက္ကစီယာဉ်များအား စည်းကမ်းထိန်းသိမ်းရန်၊ စနစ်တကျ ခရီးသည် ပို့ဆောင်ရေးကို ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုနိုင်ရန်တို့အတွက်ရန်ကုန်စီးတီးတက္ကစီအသင်း(ယာယီ)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဖွဲ့စည်းပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကညနတွင် မှတ်ပုံတင်ထားသည့် တက္ကစီအစီးရေ ၅၉၀၀၀ ကျော်ရှိပြီး YRTC တွင် စီးတီးတက္ကစီမှတ်ပုံတင်ထားသည့်ယာဉ်စီးရေ ၅၃၀၀၀ ကျော်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here