သာစည်မြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံနီးပါးဖိုးစိတ်ပြောင်းဆေးဝါးများနှင့် Happy Water များ ဖမ်းမိ

0
413

ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်မည့် ငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၃၇ ကီလိုနှင့် Happy Water ၆ ဒသမ ၅ ကီလို ဖမ်းဆီးရမိ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ တောင်ဂွကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဩဂုတ်(၂၉) ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် ပြည့်ဖြိုးကျော်(ခ)မှုန်လေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေခဲ့ရာမှတွေ့ရှိဖမ်းမိကြောင်း သိရသည်။

ပူးပေါင်းပါဝင်သူများဖြစ်သည့် သိန်းမင်းကျော်(ခ)ဖိုးထွေး နှင့် နိုင်ဝင်းထွန်း တို့ ၂ ဦးအား ယင်းနေ့ ဩဂုတ်(၂၉) ရက်၊ မွန်းလွဲ ၁ နာရီအချိန် သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာအနီး၊ ပျော်ဘွယ် – တောင်ကြီးသွားကားလမ်းတွင် PAJERO မော်တော်ယာဉ်တစ်စီးနှင့် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် သယ်ဆောင်ခိုင်းသူ ဘိုဘိုဇော်၊ မဒိုင်နန်း(ခ)ရွှေစင် နှင့် ဝင်းကိုကို တို့ ၃ ဦးအား ည ၁၁ နာရီခွဲအချိန် မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်း၊ ၅၉ x ၆၀ လမ်းကြားရှိ ဟိုတယ်တွင် LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့် အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချနေမှုများကို စီမံချက်ချ ဖမ်းဆီးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here