ရုရှားသမ္မတပူတင် မွန်ဂိုလီးယားရောက်

0
238
Russia's President Vladimir Putin (R) and Mongolia's President Ukhnaagiin Khurelsukh attend an official welcoming ceremony in Ulaanbaatar on September 3, 2024. (Photo by BYAMBASUREN BYAMBA-OCHIR / AFP)

အူလန်ဘာတာ၊စက်တင်ဘာ ၃

အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (အိုင်စီစီ) သည် ယမန်နှစ်က ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။ ယခုအခါ အိုင်စီစီ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားသို့ ရုရှားသမ္မတအလည်အပတ်ရောက်ရှိနေကြောင်းသိသော်လည်း ၎င်းကို မဖမ်းဆီးပေ။ ရုရှားမီဒီယာများ၌မူ မွန်ဂိုလီးယားနိုင်ငံ၏မြို့တော် အူလန်ဘာတာရှိလေယာဉ်ကွင်းသို့ဆင်းသက်လာသော သမ္မတပူတင်၏လေယာဉ် ကို ရိုက်ကူးဖော်ပြခဲ့ကြသည်။

သမ္မတပူတင်သည် တရုတ်နှင့်ရုရှား ကို ဆက်သွယ်ထားသည့် ဓါတ်ငွေ့ပိုက်လိုင်းအသစ်အရေး ကို အဓိကထားဆွေးနွေးရန် တနင်္လာနေ့က မွန်ဂိုလီးယားနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရှိရသည်။

အိုင်စီစီ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားသို့ရောက်ရှိနေသော်လည်း သမ္မတပူတင်ကို နိုင်ငံတကာဖမ်းဝရမ်းဖြင့် မဖမ်းခြင်းသည် နိုင်ငံတကာရာဇဝတ်မှုဥပဒေစနစ်ကို ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

ယမန်နှစ်ကမူ မွန်ဂိုလီးယားအပါအဝင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအဖွဲ့ဝင် ၁၂၄ နိုင်ငံသည် ရုရှားသမ္မတပူတင် ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်းတို့နိုင်ငံထဲခြေချပါက ဖမ်းဆီးပြီး သည်ဟိခ်သို့လွှဲပြောင်းပေးရန်သဘောတူခဲ့ကြပြီး ဝရမ်းထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယူကရိန်းသည် သမ္မတပူတင်၏ မွန်ဂိုလီးယားခရီးစဉ်အတွင်း ပူတင် ကို ဖမ်းဆီးရန်တိုက်တွန်းခဲ့သော်လည်း မွန်ဂိုလီးယားကမဖမ်းဆီးခြင်းကို ဝေဖန်ရှုံ့ချခဲ့သည်။ ခရမ်လင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်ခ်စကော့ခ်ကမူ ရုရှားနှင့်မွန်ဂိုလီးယားသည် ကောင်းမွန်သောဆက်ဆံရေးများရှိပြီးဖြစ်၍ ဖမ်းဝရမ်းနှင့်ပတ်သက်၍ စိတ်ပူစရာမရှိကြောင်းပြောကြားခဲ့သည်။

Ref 1 : စီအင်န်အေ
Ref 2 : Yahoo


LEAVE A REPLY

Please enter your comment!
Please enter your name here