F-16 တိုက်လေယာဉ်များပေါ်တွင် ယူကရိန်းလေယာဉ်မှူးများကို လေ့ကျင့်ပေးရန် အမေရိကန် ပျက်ကွက်ခဲ့

0
83

F-16 တိုက်လေယာဉ်များပေါ်တွင် ယူကရိန်းလေယာဉ်မှူးများအား ယူကရိန်းလေယာဉ်မှူးများအား လေ့ကျင့်ပေးရန် ပျက်ကွက်ခဲ့ကြောင်း ဝါရှင်တန်ဆိုင်ရာ ရုရှားသံအမတ်ကြီး အနာတိုလီအန်တိုတော့ဗ်က ယူကရိန်းတွင် မကြာသေးမီကဖြစ်ပွားခဲ့သော F-16 တိုက်လေယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍ မှတ်ချက်ပေးပြောကြားခဲ့သည်။

“သက်ဆိုင်တဲ့ သင်တန်းဆရာတွေက ယူကရိန်းနိုင်ငံသားလေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ အဲဒီလို လေယာဉ်ပျက်ကျတယ်ဆိုတဲ့ သတင်းတွေထွက်လာရင် ကျွန်တော်တို့ရဲ့ ရုရှားစစ်သားတွေက ဘယ်လိုအော်ကြမလဲဆိုတာ စိတ်ကူးကြည့်နိုင်ပါတယ်” ဟုလည်း ရုရှားသံတမန်အဖွဲ့၏ Telegram ချယ်နယ်တွင် တင်ထားသည့် သူ၏မှတ်ချက်တွင် အနာတိုလီအန်တိုတော့ဗ်က ပြောကြားခဲ့သည်။

ထိုဖြစ်ရပ် စတင်ဖြစ်ပွားစဉ်တွင် ယူကရိန်းစစ်ဦးစီးချုပ်က F-16 တိုက်လေယာဉ် ပျောက်ဆုံးသွားကြောင်း အတည်ပြုခဲ့ပြီး မည်သည့်နေရာတွင် ဖြစ်ပွားခဲ့ကြောင်း အပါအဝင် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ထို့နောက်တွင်မူ အဆိုပါ လေယာဉ်သည် ပျ-က်ကျခဲ့ကြောင်း ယူကရိန်းလေတပ်၏ ပြောကြားချက်အရ သိရသည်။ ယူကရိန်းလွှတ်တော်အမတ် Maryana Bezuglaya က အဆိုပါ တိုက်လေယာဉ်သည် မြေပြင်မှ ဝေဟင်ပစ် Patriot ဒုံးကျည်ဖြင့် မှားယွင်းပစ်ချခံရကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး အဆိုပါ ဖြစ်ရပ်ကို အပြစ်တင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here