နိုင်ငံတကာဥပဒေ ချိုးဖောက်နိုင်၍ အစ္စရေးသို့လက်နက်ထောက်ပံ့မှုအချို့ ဗြိတိန်ရပ်ဆိုင်း

0
180

လန်ဒန်၊စက်တင်ဘာ ၃

နိုင်ငံတကာဥပဒေကို ချိုးဖောက်နိုင် ခြေရှိသည့်အတွက် အစ္စရေးသို့လက်နက်ထောက်ပံ့မှုအချို့ကိုရပ်ဆိုင်းလိုက်ကြောင်း ဗြိတိန်အစိုးရက ပြောသည်။

အစ္စရေးအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ဆိုးရွားစွာချိုးဖောက်နိုင်ခြေရှိသဖြင့် ယင်းအခြေအနေ သို့ မရောက်စေရန် အန္တရာယ်အားကြိုတင်တားဆီးကာကွယ်သည့် အနေဖြင့် ယခုကဲ့သို့ရပ်တန့်လိုက်ရခြင်းဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

ဂါဇာတွင် ၁၁ လကြာစစ်ပွဲဖြစ်ပွားမှုကြောင့် လက်နက်တင်ပို့မှုနှင့်ပတ်သက်၍ ဖိအားပေးခံနေရသည့် ဗြိတိန်အစိုးရသည် အစ္စရေး၏ ကာလရှည်ကြာမဟာမိတ်နိုင်ငံများအနက် တစ်နိုင်ငံအပါအဝင်ဖြစ်သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးကမူ လက်နက်ထောက်ပံ့မှုအချို့ကို ရပ်ဆိုင်းလိုက်ခြင်း နှင့်ပတ်သက်၍ ဗြိတိန်၏ဆုံးဖြတ်ချက် ကို ဝေဖန်ပြောကြားခဲ့ပြီး အစ္စရေး၏ကာကွယ်ရေးလုပ်ငန်းအတွက် ပို့ကုန်လိုင်စင်များကို ယူကေအစိုးရကပိတ်ဆို့လိုက်သည့်အပေါ်လည်း လွန်စွာစိတ်မကောင်းဖြစ်ရသည် ဟုဆိုသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here