မဲဆောက်မြို့တွင် (၃)ရက်ကြာ ဒူးရင်းသီးဈေးရောင်းပွဲတော် ကျင်းပနေ

0
50

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ စက်တင်ဘာ (၃)ရက်မှ စက်တင်ဘာ (၅)ရက်နေ့အထိ (၃)ရက်ကြာ ဒူးရင်းသီးဈေးရောင်းပွဲတော် ကျင်းပလျှက်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် စတင်ကျင်းပနေသည့် အဆိုပါ ပွဲတော်ကို မဲဆောက်မြို့ “Lotus” ကုန်တိုက်အရှေ့တွင် ပြုလုပ်နေခြင်းဖြစ်ကာ နေ့စဉ် နံနက် (၁၀) နာရီမှ  ညနေ (၅) နာရီအထိ ရောင်းချသွားမည်ဖြစ်သည်ဟု မဲဆောက်မြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။

ထို ဒူးရင်းသီးဈေရောင်းပွဲတော်အတွင်းဒူးရင်းသီးတစ်ကီလိုလျှင် (၁၃၉)ဘတ်ဖြင့် ပုံမှန်‌ရောင်းချပေးနေပြီး၊ အထူးရောင်းဈေးအဖြင့် ညနေ (၅) နာရီ ဈေးပိတ်ချိန်တွင် ဒူးရင်းသီးတစ်လုံးလျှင် (၅၀) ဘတ်၊ ဒူးရင်းသီးအသားတစ်ကီလို (၉၉) ဘတ်အား အချိန်အကန့်အသတ်ဖြင့်ရောင်းချပေးရန်စီစဉ်ထားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ထိုင်းနိုင်ငံ ဒူးရင်းသီးအား အရောင်းမြှင့်တင်ရေးနှင့် တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေး ရည်ရွယ်ကာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အရေးပါသော ဒူးရင်းသီး ထွက်ရှိရာနေရာဖြစ်သည့် ချန်ဖုန်းပြည်နယ်တွင် ဒူးရင်းသီးပွဲတော်အား ကျင်းပပြုလုပ်ခဲ့သေးကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ-မြဝတီမဲဆောက် မီဒီယာ


LEAVE A REPLY

Please enter your comment!
Please enter your name here