ဖိလစ်ပိုင်၌ မုန်တိုင်းယာဂီကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိရှိလာ

0
253
Residents clean the stairs of their house amidst flood waters following heavy rains brought about by Tropical Storm Yagi at a village in Cainta town, Rizal province, East of Manila on September 3, 2024. - Floods and landslides killed 11 people after a fierce tropical storm dumped heavy rain on the Philippines for a second day, officials said September 2. (Photo by Ted ALJIBE / AFP)

မနီလာ၊စက်တင်ဘာ ၃

ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်းယာဂီဝင်ရောက်တိုက်ခတ်မှုကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးထက်မနည်းရှိလာကာ အစိုးရရုံးများနှင့်ကျောင်းများကို ယာယီပိတ်ထားရသည်။မုန်တိုင်းယာဂီကြောင့် မြေပြိုမှုကာ လျှပ်စစ်မီး လည်း ပြတ်တောက်ခဲ့သည်။

မနီလာမြို့အရှေ့ဘက်ရှိ အန်တီပိုလိုတွင် မြေပြိုခြင်း နှင့် ရေန-စ်‌ေ-သဆုံးမှုများကြောင့် လူ ၇ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။မြေပြိုကာ ရုတ်တရက်ရေလွှမ်းမိုးမှုပြီးနောက် လူလေးဦး ပျောက်ဆုံးနေကြောင်းသိရသည်။

၎င်းတို့အတွက် ရှာဖွေကယ်ဆယ်ရေးများကို ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း အန်တီပိုလိုသဘာဝဘေးအန္တရာယ်ဆိုင်ရာအရာရှိကပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံ၏အလယ်ပိုင်းပြည်နယ်များတွင်လည်း ‌ေ-သဆုံးမှုများရှိခဲ့ကြောင်းသိရှိရပြီး မြေပြို၍ မြောက်ပိုင်းတွင် နှစ်ဦး‌ေ-သဆုံးခဲ့ကာ တစ်ဦးမှာရေန-စ်‌ေ-သဆုံးခဲ့သည်ဟုလည်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here