အာရှလေးနိုင်ငံ ခရီးစဉ်၏ ပထမ ခြေလှမ်းအဖြစ် ပုပ်ရဟန်းမင်း အင်ဒိုနီးရှား ရောက်

0
391
Pope Francis (C, in wheelchair) is welcomed during his arrival at Soekarno–Hatta International Airport in Jakarta on September 3, 2024. - Pope Francis arrived in Muslim-majority Indonesia on September 3 for the first stop of a four-nation tour in the Asia-Pacific that will be the longest of the 87-year-old's papacy, according to an AFP reporter travelling with him. (Photo by Tiziana FABI / AFP)

သက်တော် ၈၇ နှစ်အရွယ်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သူ၏ သာသနာပိုင်ဘ၀တွင်အရှည်ကြာဆုံးဖြစ်မည့် ရည်မှန်းချက်ကြီးသော လေးနိုင်ငံခရီးစဉ်၏ ပထမ ခြေလှမ်း အဖြစ် အင်္ဂါနေ့တွင် မွတ်ဆလင်အများစုရှိရာ အင်ဒိုနီးရှားနိုင်ငံသို့ ဆိုက်ရောက်လာခဲ့သည်။

တနင်္လာနေ့မွန်းလွဲပိုင်းတွင် ရောမမြို့မှ ထွက်ခွာလာသော ပုပ်ရဟန်းမင်းသည် အင်ဒိုနီးရှား စံတော်ချိန် မွန်းတည့်မတိုင်မီတွင် ဂျကာတာသို့ ဆိုက်ရောက်ခဲ့သည်။ သူသည် ပါပူဝါနူးဂီနီ၊ အရှေ့တီမောနှင့် စင်ကာပူနိုင်ငံများသို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ပြီး ၁၂ ရက်ကြာ ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

မိုင်ပေါင်း ၂၀,၀၀၀ နီးပါး ခြေဆန့်ရမည့် ခရီးစဉ်သည် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်ဘုရားကျောင်းများ၏ ဦးစီးဦးဆောင်အဖြစ် သူ ထမ်းရွက်သော ၁၁ နှစ်ကြာကာလအတွင်း ရက်အကြာဆုံးနှင့် ခရီးအရှည်ဆုံးဖြစ်ရာ ဖရန်စစ်၏ ကျန်းမာရေးကမည်မျှကောင်းသေးသည်ကို သိရမည်ဖြစ်သည်။

မွတ်ဆလင်ဦးရေ ၈၇ ရာခိုင်နှုန်းအထိ ရှိနေသော အင်ဒိုနီးရှားနိုင်ငံတွင် ကက်သလစ်ဘာသာဝင် ၃ ရာခိုင်နှုန်းနီးပါး သို့မဟုတ် လူဦးရေ ၈ သန်းခန့်ရှိသည်။ တရားဝင်အားဖြင့် ဘာသာရေး စည်မျည်းများဖြင့် မအုပ်ချုပ်သော နိုင်ငံ၌ ကက်သလစ်ဘာသာသည် ပရိုတက်စတင့်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် ကွန်ဖြူးရှပ်ဘာသာတို့ အပါအဝင် တရားဝင် အသိအမှတ်ပြုထားသည့် ဘာသာကြီးခြောက်မျိုးတွင် ပါဝင်သည်။

ကြာသပတေးနေ့တွင် ဖရန်စစ်သည် အရှေ့တောင်အာရှ၏ အကြီးဆုံးဖြစ်သော Istiqlal ဗလီ၌ ဘာသာကြီးခြောက်ခုစလုံးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံးမည်ဖြစ်သည်။

ထို ဗလီဝတ်ကျောင်းတော်တွင် ပုပ်ရဟန်းမင်းသည် ဝတ်ကျောင်းတော်အကြီးအကဲ မဟာအီမမ် နာဆာရူဒင် အူမာနှင့် ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ ပျံ့နှံဖြစ်ပွားနေမှု၊ အထူးသဖြင့် အမျိုးသမီးနှင့် ကလေ-းများအပေါ် အကြမ်းဖက်သည့် လူမဆန်သော လုပ်ရပ်များနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုများအပေါ် အဓိကထား ထုတ်ဖော်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ခရစ်ယာန်ဘုန်းတော်ကြီးများ၏ အစည်းအဝေးအရ သိရသည်။

လူဦးရေ ထူထပ်လွန်းလှသည် ဂျာကာတာမြို့တော်ကို ခြိမ်းခြောက်နေသာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု အပါအဝင် ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရန်နှင့် ယင်း၏ အကျိုးသက်ရောက်မှုများကို လျှော့ချရေးကို ပိုမိုအားစိုက်လုပ်ဆောင်ကြရန် ပုပ်ရဟန်းမင်းက ကမ္ဘာကို ထပ်ခါတလဲလဲ တိုက်တွန်း ပြောဆိုခဲ့သည်။

Ref: သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here