ခါးပိုက်နှိုက်ပျော်သည့်YBS ၁၈ မီနီဘတ်စ် နေရာတွင် စီးတီးဘတ်စ်ယာဉ်လိုင်းများ အစားထိုးမည်

0
341

ယခင်က YBS ၁၈ မီနီဘတ်စ် ယာဉ်များဖြင့် ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းနေရာတွင် စီးတီးဘတ်စ် ယာဉ် ၅၁ စီးဖြင့် အစားထိုးပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“မီနိဘတ်စ်တွေနေရာမှာ စီးတီးဘတ်စ်တွေ အစားထိုးပေးမှာပါ။ လမ်းကြောင်းတော့ အနည်းငယ် အပြောင်းအလဲရှိပါတယ်” ဟု ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်းက ပြောသည်။

ထိုသို့ပြေးဆွဲပေးခြင်းကို တောင်ဒဂုံရှိ ခရီးသွားပြည်သူများ၏ လိုအပ်ချက်အရပြေးဆွဲပေးခြင်းဖြစ်သည်ဟုသိရသည်။

“ဆောင်ရွက်နေတုန်းပါ။ ကားတွေတော့ အစားမထိုးရသေးဘူး။ခရီးသွားပြည်သူတွေကိုအသိပေးတာပါ” ဟု ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်းကပင် ဆိုသည်။

မီနီဘတ်စ်ကားများနှင့် ယှဉ်လျှင် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်းလည်း ခရီးသည်တစ်ဦးက ဆိုသည်။

“Minibus တွေဆို ခါးပိုက်နှိုက်သမားတွေ ပျော်နေကြပြီ ၊ အဝင်အထွက် တံခါးတချပ်ပဲ ဖုန်းပါသွားဖူးပြီ” ဟု အထက်ပါ ခရီးသည်အမျိုးသမီးက ပြောသည်။

YBS ၁၈ ယာဉ်လိုင်းကို (ဂိတ်ရင်း) ထောက်ကြန့်(ရေနံမြေ)မှ ဝါယာလက် -မင်္ဂလာဒုံ (ခရေပင်လမ်းခွဲ)သုံးရာသီ-အောင်မဂ်လာအဝေးပြေး-သုဓမ္မာလမ်း မြောက်ဥက္ကလာ လမ်း ဆုံ-ဘုန်းကြီးလမ်း -သံသုမာလမ်းမကြီး( ၄၃၅ )(၄၃၆)တပ်ရင်း -ဘေလီထိပ်-စံပြဈေး-တောင်၊မြောက်လမ်းဆုံ- ယဉ်ကျေးမှုတက္ကသိုလ်(ဂိတ်ဖျား) အထိ ပြေးဆွဲပေးမည်ဟု လတ်တလော သိထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here