ပဲဆီကို စားအုန်းဆီကဲ့သို့ ရည်ညွှန်းဈေးသတ်မှတ်ရန်မရှိသေးဟုဆို

0
65

ပြည်တွင်းဖြစ် ပဲဆီများကို စားအုန်းဆီကဲ့သို့ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ရန်မရှိသေးကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြည်တွင်း၌ ထုတ်လုပ်ရရှိသည့် မြေပဲဆီ၊ နှမ်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ စသည့် စားဆီများသည်လည်း ဈေးမြင့်တက်လျက်ရှိကြောင်း၊ယင်းဈေးနှုန်းသည်တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကြမ်းအပေါ် အခြေခံပြီး တောင်သူများထံမှ ထွက်ရှိသော ကုန်ကြမ်းဈေးနှုန်းအပေါ်မူတည်ကြောင်း သိရသည်။

” ပဲဆီတွေကို ရည်ညွှန်းဈေးသတ်မှတ်ဖို့ လတ်တလော မရှိသေးပါဘူး။ ဘာမှမသိရသေးဘူး”ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောသည်။

ထို့ပြင် ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်‌ရေးအတွက် ပြည်တွင်း၌ ပဲဆီ၊ နှမ်းဆီတို့အပြင် အခြားဆီထွက်သီးနှံများကို ဧကတိုးချဲ့စိုက်ပျိုးနေသလို ဆီစက်လုပ်ငန်းရှင်များကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ချေးရာတွင် လုပ်ငန်းသုံး လှည့်ပတ်ရင်းနှီးငွေ (Working Capital) ချေးငွေအတွက် အနည်းဆုံး ကျပ်သိန်း (၁၀ဝ)မှ အများဆုံးကျပ် သိန်း (၃၀ဝဝ) အထိနှင့် မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေကို အနည်းဆုံး ကျပ်သိန်း (၂၀ဝ)မှ အများဆုံး ကျပ် သိန်း(၃၀ဝဝ)အထိ ထုတ်ချေးမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ချေးငွေ အစီစဉ်ရှိသော်လည်းဆီစက်အသေးများက စာရွက်စာတမ်းတွေ မစုံလင်နိုင်ခြင်း၊နယ်ဖက်ရှိတနိုင်တပိုင်ဆီစက်သမားအချို့က ဆက်သွယ်မလုပ်တတ်သေးသည့် အခက်ခဲများရှိနေဆဲပင်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here