ဘင်္ဂလားဒေ့ရှ်၌ ရေကြီး၍ ၇၁ ဦး‌ေ-သဆုံးခဲ့

0
68
People wade through floodwaters outside a temporary shelter in Feni on August 24, 2024. - Nearly 300,000 Bangladeshis were taking refuge in emergency shelters on August 24, from floods that inundated vast areas of the low-lying South Asian country, disaster officials said. The floods were triggered by heavy monsoon rains and have killed at least 42 people in Bangladesh and India since the start of the week, many in landslides. (Photo by Munir UZ ZAMAN / AFP)

ဒါကာ၊စက်တင်ဘာ ၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးရေလျှံ၍ ‌ေ-သဆုံးသူဦးရေသည် စက်တင်ဘာလ ၃ ရက်နေ့တွင် ၇၁ ဦးအထိမြင့်တက်လာခဲ့ပြီး ရေဘေးခံစားခဲ့ရသည့် ဒေသများတွင် လူပေါင်းသန်းချီကာ သောင်တင်နေသေးကြောင်းလည်းသိရသည်။

ရေလွှမ်းမိုးမှုပြီးသွားလျှင်ပင် ရေနှင့်ပတ်သက်သည့် ကူးစက်ရောဂါဆိုးများ သည် နောက်ဆက်တွဲ အနေဖြင့် ဖြစ်လာမည်ကိုလည်း အာဏာပိုင်များက စိုးရိမ်နေကြသည်။ မုတ်သုန်မိုးကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဒေသတွင်းရှိ လူပေါင်းငါးသန်းခန့်ကိုလည်းထိခိုက်ပျက်စီးစေခဲ့သည်။

ရေဘေးသင့်ခရိုင် ၁၁ ခုတွင် လူပေါင်း ၅၈၀,၀၀၀ ကျော်သည် သောင်တင်နေသေးလျက်ရှိပြီး အစားအစာ၊သန့်ရှင်းသောရေ၊ဆေးဝါးနှင့် အဝတ်ခြောက်များ အရေးပေါ်လိုအပ်လျက်ရှိသေးကြောင်းသိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများလည်းဆောင်ရွက်လျက်ရှိပြီး တပ်မတော်၊လေတပ်၊ရေတပ်နှင့်နယ်ခြားစောင့်တပ်များအပြင် ဆေးအဖွဲ့ ၅၀၀ နီးပါးကကူညီကုသပေးလျက်ရှိကြောင်းလည်းသိရသည်။

ယခုအခါတွင် အာဏာပိုင်များက ရေကြီးရေလျှံပြီးနောက်ဖြစ်လေ့ရှိသည့် ရေနှင့်ပတ်သက်သည့် ကူးစက်ရောဂါများမဖြစ်လာစေရေးအတွက် အဓိကအာရုံစိုက်လုပ်ဆောင်လျက်ရှိပြီး သန့်ရှင်းသောသောက်သုံးရေများရရှိရေးအတွက်ပါ စီစဉ်ဆောင်ရွက်နေသည်ဟုလည်းသိရသည်။

ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရမူ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဝမ်းလျှောခြင်း၊အရေပြား ရောဂါဖြစ်ခြင်းနှင့်မြွေကိုက်ခံရခြင်းများကြောင့် လူပေါင်း ၅,၀၀၀ နီးပါးဆေးရုံတင်ထားရသည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here