ကမ္ဘာ့ရှားပါးစာရင်းဝင် ငှက်မျိုးစိတ်များကို ကျုံကပြင်-တက်ဆိပ် ဒေသခံ တွင်မှတ်တမ်းတင်

0
90

ရှားပါးငှက်များထိန်းသိမ်းခြင်းတွင် မှတ်တမ်းတင်ခြင်း၊သုတေသနနှင့် လူထုပညာပေးခြင်းတို့သည် အရေးကြီးသည်။

ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးနယ်မြေတွင် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များအပါအဝင် မျိုးစိတ်ပေါင်း (၁၆၀) ကို မှတ်တမ်းတင်ထားလျှက်ရှိသည်။

ထို လေ့လာမှတ်တမ်းတင် ထိန်းသိမ်းခြင်း အစီအစဉ်ကို လစဉ်လတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်၊ သြဂုတ်လအထိ ငှက်မျိုးစိတ်စုစုပေါင်း (၁၆၀)ကို မှတ်တမ်းတင် စာရင်းကောက်ယူထားကြောင်း သိရသည်။

၎င်းငှက်မျိုးစိတ်များတွင် ကမ္ဘာ့ရှားပါးစာရင်းဝင်ငှက်မျိုးစိတ်များလည်း လာရောက် ကျက်စားနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် နှစ်စဉ် အသိုက်ဆောက်၍ သားပေါက်လေ့ရှိသော ငှက်မျိုးစိတ်များမှာ တင်ကျီးငှက်၊ ဗျိုင်းမျိုးစိတ်များ၊ ဗောင်တုတ်ငှက်၊ ရေကြက်မ၊ ကြိုးကြာခေါင်းနီ (Sarus Crane)၊ ပိန်ညင်းမျိုးစိတ်များ၊ ရွှေပြည်စိုး၊ ကျီးကန်း၊ ဝတ်ရည်စုပ် နှင့် ပန်းရည်စုပ်မျိုးစိတ်များ၊ စာဘူးတောင်းမျိုးစိတ်များ၊ စာပတီးမျိုးစိတ်များ၊ စာကလေးမျိုးစိတ်များ၊ သပိတ်လွယ်ငှက်၊ ဗွတ်ကလုံမျိုးစိတ်များ၊ ကိုင်းစွေ့ (Jerdon’s Babbler) နှင့် ငှက်လက်မမျိုးစိတ်များကို တစ်နှစ်ပတ်လုံး တွေ့ရှိနိုင်ကြောင်း သိရသည်။

လူလုပ်ဘေးကြောင့် ငှက်မျိုးသုဉ်းခြင်းမဖြစ်ရအောင်ကမ္ဘာတွင် BirdLife ပါတနာ အဖွဲ့ပါထောင်ထားသည်။

ရှားပါးမျိုးသုဉ်းပျောက်ကွယ်မှုတွေပါးလာအောင်အရေးယူမှုများပင်ကမ္ဘာတွင်လုပ်လာနေသည်။
‘မျိုးစိတ်အုပ်ထိန်းသူများ’ ကိုလည်းရံပုံငွေပံ့ပိုးပေးနေသဖြင့် ချိတ်ဆက်လျှောက်ထားနိုင်မည်ဟုယူဆရသည်။

ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးနယ်မြေသည်ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းတိုက်နယ်အတွင်းရှိ ကျုံကပြင်ကျေးရွာအုပ်စုတွင် ပါဝင်သည်။

ပုံ- နိုင်ငံတကာမှ ရှားပါးငှက်များ


LEAVE A REPLY

Please enter your comment!
Please enter your name here