ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်း တန် ၈၀၀ေကျာ်ကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့

0
69

ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ အပါအဝင် စုစုပေါင်း (၈၆၉) ဒသမ (၃၂) တန်ကို ယမန်နေ့ စက်တင်ဘာ (၃)ရက်က ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း ထုတ်ပြန်သည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သည့် ဆန် (၂၄) ပြည်အိတ် (၇၅၉၁) အိတ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ပရိဘောဂပစ္စည်းများ၊ လျှပ်စစ်သုံးပစ္စည်းများ၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် စုစုပေါင်း (၈၆၉) ဒသမ (၃၂) တန်ကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေ (၁၆) ရက်မှ စတင်၍ ယနေ့အထိ တပ်မတော်စစ်ရေယာဉ်များ အပါအဝင် ရေယာဉ် (၄၉) စင်းဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၇၁၀၉၉) ဒသမ (၄၃) တန်နှင့် ဒီဇယ် (၂၄၉၇၆၂) ဂါလန်၊ Octane 92 (၁၉၉၈၈၆) ဂါလန် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here