စားအုန်းဆီကို အိမ်တိုင်ရာရောက် စနစ် ဝယ်ယူသူများသောကြောင့် (Call Center) ဖုန်းလိုင်းခွဲများ တိုးချဲ့နေရ

0
150

စားအုန်းဆီများကို အိမ်တိုင်ရာရောက် (Door to Door) ရောင်းချပေးလျက်ရှိရာ ဆက်သွယ်ဝယ်ယူသူ များပြားလာသောကြောင့် စက်တင်ဘာ (၂) ရက်မှ စတင်၍ မြို့နယ်အလိုက် (Call Center) ဖုန်းလိုင်းခွဲများ တိုးချဲ့လက်ခံရောင်းချပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ သိရသည်။

အဆိုပါ စားအုန်းဆီများကို အိမ်တိုင်ရာရောက် ရောင်းချပေးခြင်းကို ဇူလိုင် (၃၁)ရက်က စတင်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လအတွင်း အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်၊ နှစ်ပိဿာနှုန်းဖြင့် ဖြန့်ဖြူးခဲ့ရာ မှာကြားသူများပြားသည့်အတွက် စက်တင်ဘာလမှစ၍ အိမ်ထောင်စု တစ်စုလျှင် တစ်လ သုံးပိဿာနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် မှာကြားချက်များကို လက်ခံမှတ်သားသွားမည်ဖြစ်ပြီး နေ့စဉ်နံနက် ၉ နာရီမှ ညနေ၄ နာရီအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရ ရုံးပိတ်ရက်မပါ) မှာကြားနိုင်ကြောင်း ကော်မတီမှ သိရသည်။

မှာကြားရာတွင် တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ သန်လျင်ခရိုင်၊ တွံတေးခရိုင်၊ မရမ်းကုန်းခရိုင်တွင် နေထိုင်ကြသူများအနေဖြင့်( Call Center) ဖုန်း ၀၁-၄၇၀၅၅၆၆ (လိုင်းခွဲ-၁၅လိုင်း)၊ ၀၉၉၄၀၁၇၁၂၂၂ (လိုင်းခွဲ-၁၅လိုင်း) သို့လည်းကောင်း၊

ကျောက်တံတားခရိုင်၊ အလုံခရိုင်၊သ င်္ကန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ ကမာရွတ်ခရိုင်တို့တွင် နေထိုင်ကြသူများအနေဖြင့် (Call Center) ဖုန်း ၀၉-၇၇၁ဝဝ၂၇၂၂ (လိုင်းခွဲ- ၁၀ လိုင်း)၊ ဝ၁-၄၇ဝ၆၇၂၂ (လိုင်းခွဲ-၁၀ လိုင်း) သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

ပို့ဆောင်ခကို ဝယ်သူဘက်မှ ပေးချေရမည်ဖြစ်ပြီး စည်ပင်နယ်နိမိတ် အတွင်းရှိ မြို့နယ် (၃၃) နယ်တွင် (၂၀၀၀) ကျပ်၊ စည်ပင်နိမိတ် အပြင်ဘက် (၂၅၀၀) ကျပ်ထက် မပိုသည့် ဈေးနူန်းဖြင့် ပို့ဆောင်ပေးနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here