ရှမ်းမြောက်တွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေ

0
215

တရုတ်ဘက်မှ နယ်စပ်ဂိတ်များကိုပိတ်ထားခြင်းနှင့် မန္တလေးဘက်မှ ကုန်စည်အဝင်မရှိတော့ခြင်းကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ ကွတ်ခိုင် အစရှိသည့် ရှမ်းမြောက်ဒေသများတွင် ကုန်စည်စီးဆင်းမှုမရှိတော့ကြောင်း၊ ယင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် အခက်အခဲများရှိနေကြောင်း သိရသည်။

မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့မှ ထိန်းချုပ်ထားသည့် မြန်မာ- တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ရှိ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရန်လုံကျိုင်းနှင့် နမ့်ခမ်းမြို့ရှိ ကုန်သွယ်ရေးဂိတ်တို့ကိုပြီးခဲ့သည့် ဇူလိုင် ၉ ရက်က စတင်ပြီး တရုတ်ဘက်မှ ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

” သူတို့အဖွဲ့တွေနဲ့ ထိစပ်နေတဲ့နယ်စပ်ဂိတ်တွေအကုန်ပိတ်တယ်။ လားရှိုးမှာစစ်မဖြစ်ခင်တုန်းကဆို ကုန်စည်အဝင်အထွက်က သူ့ဟာနဲ့သူပုံမှန်ရှိသေးတယ်။ အခုစစ်ဖြစ်တော့ ဟိုဘက်ကလည်းမဝင်တော့ဘူး။ တရုတ်ဘက်ကလည်းမဝင်ဘူး။ ဆင်ဖြူနဲ့ မန့်ဝိန်းဂိတ်ကတော့ စားသောက်ကုန်တွေဘာတွေ တနိုင်တပိုင် ဝင်တယ်။ နန်းတော်ဂိတ်ကတော့ မရဘူး။ ဆေးဝါးတော့ အသုံးများတဲ့ ဆေးတွေ အကုန်ပြတ်တယ်။ ဈေးတွေကသုံးလေးဆလောက်မြင့်တက်ကုန်တာ။ အကုန်ခက်ခဲကုန်တာ” ဟု မူဆယ်မြို့မှ ဒေသခံတစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောသည်။

လက်ရှိတွင် တရုတ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ထားသော်လည်း မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့မှ တနိုင်တပိုင် ကုန်သွယ်မှု ခွင့်ပြုထားကြောင်း ဒေသခံများထံမှသိရသည်။

စားသောက်ကုန်များဖြစ်သည့် ခရမ်းချဉ်သီး၊ အသားများမှစ၍ ဈေးနှုန်းများ မြင့်တက်နေပြီး မူဆယ်မြို့တွင်ဆန်ချော တအိတ်လျှင် ကျပ် ၃ သိန်း ဝန်းကျင်အထိ မြင့်တက်နေကြောင်း ၊ထို့အတူလားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့သော်လည်း လျှပ်စစ်မီး ရရှိမှုခက်ခဲသောကြောင့် လက်ရှိတွင် သောက်သုံးရေက အစရှားပါးနေပြီး ရေတစည် ၂၀၀၀၀ ကျပ်၊ ဓာတ်ဆီ တလီတာ ၁၀၀၀၀ ကျပ်ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည်လည်း ရပ်တန့်နေသည်မှာ ဆယ်လကျော်ရှိပြီဖြစ်ပြီး တရုတ်ဖက် ကုန်သည် ကော မြန်မာဖက်က ကုန်သည်များ ပါ ငြီးတွားလျှက်ရှိေနကြောင်း သိရသည်။

photo credit – MOI


LEAVE A REPLY

Please enter your comment!
Please enter your name here