အစ္စရေးနှင့်ဟားမတ်စ်တို့ကို စစ်ပြေငြိမ်းရန် ဘလင်ကန်တိုက်တွန်း

0
279

ဂျေရုဆလင်၊စက်တင်ဘာ ၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဂါဇာကမ်းမြောင်ဒေသ စစ်ပြေငြိမ်းရေးကို အပြီးသတ်ရန် ၉၀ ရာခိုင်နှုန်းအဆင်သင့်ဖြစ်နေပြီဟု ယူဆထားပြီး နှစ်ဖက်လုံးက စစ်ပြေငြိမ်းရေးကို အပြီးသတ် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရန်မျှော်လင့်ချက်ဖြင့် စေ့စပ်ညှိနှိုင်းပေးသည့် အီဂျစ်နှင့်ကာတာတို့မှတစ်ဆင့် အမေရိကန်ပြည်ထောင်စုက အကြံဉာဏ်များထပ်မံကမ်းလှမ်းသွားဦးမည်ဖြစ်ကြောင်းလည်း ဘလင်ကန်ကဆိုခဲ့သည်။

သို့သော် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ မစ္စတာဘလင်ကန်၏ စစ် ေပြငြိမ်းရေးစာချုပ်သည် ၉၀ ရာခိုင်နှုန်းပြည့်စုံနေပြီဟူသောအချက်ကို ငြင်းဆိုခဲ့ကာ အဆိုပါအခြေအနေသည် အများကြီးမနီးကပ်သေးကြောင်းလည်းပြောကြားခဲ့သည်။

သို့သော် မစ္စတာဘလင်ကန်ကမူ ဟေတီနိုင်ငံသို့ရောက်ရှိစဉ်ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ၄င်း၏ သံုးသပ်ဆန်းသစ်ချက်ကို ထပ်တလဲလဲပြောကြားခဲ့ပြီး ၎င်း၏အမြင်အရ စစ်ပြေငြိမ်းရေးသည် ၉၀ ရာခိုင်နှုန်းပြီးပြည့်စုံနေပြီးဖြစ်ကာ ကျန်ရှိနေသေးသည့်အနည်းငယ်သောအချက်များကို နှစ်ဖက်စလုံးကညှိနှိုင်းကာ အဆုံးသတ်သင့်ကြောင်းတိုက်တွန်းထားသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here