လှိုင်သာယာတွင် ဝမ်းရောဂါကြောင့် လူ‌ေ-သဆုံးသည့် မြေပြင်သတင်းမှာ မှန်ကန်မှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြန်ရှင်း

0
189

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ လူအယောက်နှစ်ဆယ်နီးပါး ‌ေ-သဆုံးသည့် မြေပြင်သတင်းမှာ မှန်ကန်မှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ ဇူလိုင်လ (၁၀)ရက်နေ့တွင် Vibrio cholerae ပိုးတွေ့အတည်ပြုလူနာကို စတင်တွေ့ရှိခဲ့ရပြီး ပိုးတွေ့ စုစုပေါင်း(၉၅)ဦးရှိခဲ့ကြောင်းနှင့် စက်တင်ဘာလ (၃)ရက်ထိ လှိုင်သာယာမြို့နယ်တွင် တစ်နေရာတည်း၊ တစ်ချိန်တည်း၌ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ အစုလိုက်ဖြစ်ပွားမှုနှင့် ‌ေ-သဆုံးမှုဖြစ်စဉ်များမရှိကြောင်း ဖြေကြားထားသည်။

ဖြေကြားချက်များတွင် အတွင်းပဒံရွာတွင် နေထိုင်သူ(၁၅,၀၀၀)ဦးခန့်ရှိပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ (၅၄)ဦး၊ Vibrio cholerae ပိုးတွေ့လူနာ(၄)ဦးနှင့် ‌ေ-သဆုံးသူ(၂)ဦးရှိခဲ့ကာ အဆိုပါ ‌ေ-သဆုံးသူများမှာ မွေးရာပါကျောက်ကပ်တစ်ဖက်တည်းရှိခြင်းကြောင့် ကျောက်ကပ် အားနည်းသည့်လူနာနှင့် အရက်စွဲရောဂါကြောင့် အသည်းရောင်သည့်လူနာတို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ထိုနည်းတူ အပြင်ပဒံရွာတွင် နေထိုင်သူ(၁၂,၀၀၀)ဦးခန့်ရှိပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ (၂၀)ဦး၊ Vibrio cholerae ပိုးတွေ့လူနာ(၂)ဦးရှိခဲ့ပြီး ‌ေ-သဆုံးသူမရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ထို့အပြင် ပင်လုံဈေး၊ (၁၃)ရပ်ကွက်တွင် နေထိုင်သူ(၂၀,၀၀၀)ဦးခန့်ရှိပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ(၃)ဦးသာရှိကာ ပိုးတွေ့လူနာနှင့် ‌ေ-သဆုံးသူမရှိကြောင်း လည်း ကျန်းမာရေးဝန်ကြီးဌာနက ဖြေကြားထားသည်။

ထို့အပြင် ရိုးကြီး၊ ရိုးလေး ကျေးရွာတွင် နေထိုင်သူ(၂၂,၄၂၃)ဦးခန့်ရှိပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ (၃၀)ဦး၊ Vibrio cholerae ပိုးတွေ့လူနာ(၈)ဦးရှိခဲ့ပြီး ၌‌ေ-သဆုံးသူမရှိကြောင်း သိရသည်။

ထို့ကြောင့် လှိုင်သာယာမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ‌ေ-သဆုံးသူများပြားနေပြီဖြစ်ကြောင်း မီဒီယာအချို့၏ ဖော်ပြချက်များမှာ သတင်းအမှားသာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖြေကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here