တရုတ်၊ အိန္ဒိယနှင့် ဘရာဇီးတို့သည် ရုရှား-ယူကရိန်း ဆွေးနွေး ပွဲစေ့စပ်သူများ ဖြစ်နိုင်–ပူတင်

0
302
Russian President Vladimir Putin decorates Indian Prime Minister Narendra Modi with the Order of St. Andrew the Apostle the First-Called during a ceremony following their talks at the Kremlin in Moscow on July 9, 2024. (Photo by Alexander NEMENOV / AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်းနှင့် ဖြစ်နိုင်ဖွယ်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အိန္ဒိယ၊ တရုတ်နှင့် ဘရာဇီးနိုင်ငံတို့သည် စေ့စပ်ညှိနှိုင်းသူများအဖြစ် ဆောင်ရွက်နိုင်ကြောင်း အခိုင်အမာ ပြောသည်။

စစ်ပွဲ၏ ပထမသီတင်းပတ်များအတွင်း အစ္စတန်ဘူလ် ဆွေးနွေးပွဲများ၌ ရုရှားနှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းသူများသည် ပဏာမ သဘောတူညီချက်ရရှိခဲ့သော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့ကြောင်း နှင့် ဆွေးနွေးပွဲများအတွက် ယင်းရလဒ်များကို အခြေခံအဖြစ် ချမှတ်နိုင်ကြောင်း ပူတင်က ပြောသည်။

အိန္ဒိယဝန်ကြီးချုပ်တစ်ဦး အဖြစ် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးခရီးစဉ်အဖြစ် နာရင်ဒြာမိုဒီသည် မကြာသေးခင်က ယူကရိန်းနိုင်ငံသွားရောက်ခဲ့ပြီး ရုရှားသို့ ဆက်လက် ခရီးဆက်ခဲ့သည်။ သူ၏ ခရီးစဉ်များအပြီးတွင် ပူတင်၏ သတင်း ထုတ်ပြန်ချက် ထွက်လာခြင်းဖြစ်သည်။

“ဒီပဋိပက္ခနဲ့ ဆက်နွယ်တဲ့ ပြဿနာအားလုံး ကို စိတ်ရင်းမှန်နဲ့ဖြေရှင်းဖို့ ကြိုးစားနေကြတဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်တော် လေးစားပါတယ်။ အဓိကအားဖြင့် တရုတ်၊ ဘရာဇီးနဲ့ အိန္ဒိယတို့ပေါ့။ ဒီပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲမပြတ် ဆက်သွယ်မှုရှိနေပါတယ်” ဟု ပူတင်က ပြောဆိုကြောင်း ရုရှားသတင်းဋ္ဌာနက ဖော်ပြသည်။

သီးခြားအနေဖြင့် ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်ရှ်ကော့ဗ်က အိန္ဒိယသည် ယူကရိန်းအရေး ဆွေးနွေးပွဲတစ်ခု ပေါ်ပေါက်လာရန် ကူညီနိုင်သည်ဟု Izvestia သတင်းစာသို့ ပြောဆိုခဲ့သည်။

Ref: အိတ်ချ်တီ


LEAVE A REPLY

Please enter your comment!
Please enter your name here