တောင်းရမ်းစားသောက်နေသူများကို တတိယအကြိမ်မြောက်အဖြစ် နေရပ်သို့ပြန်လည်ပို့ဆောင်

0
338

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်း၌ တောင်းရမ်းစားသောက်နေသူများအား တာဝန်ရှိသူများမှ ယမန်နေ့ စက်တင်ဘာ ၅ ရက်က တတိယအကြိမ်မြောက်အဖြစ် နေရပ်များသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း ဒေသခံများထံမှသိရသည်။

တောင်းရမ်းစား‌သောက်သူအများစုသည် တာချီလိတ်မြို့ရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်၊ မီးပွိုင့်ထိပ်၊ လူနေရပ်ကွက်များအတွင်းနှင့် နေရာအချို့တွင် လိုက်လံ၍ တောင်းရမ်းစားသောက်နေကြသဖြင့် တာဝန်ရှိသူများက မြို့တော်အင်္ဂါရပ်နှင့်မညီညွတ်သဖြင့် စစ်ဆေးထိန်းသိမ်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

” တောင်းရမ်းစားသောက်နေတဲ့လူတွေကို ထိန်းသိမ်းပြီးသူတို့နေရပ်ကိုပြန်ပို့တာက အခုတစ်ကြိမ်နဲ့ဆိုရင် တတိယအကြိမ်မြောက်ပါ။ မနေ့ကတော့ တောင်းရမ်းစားသောက်သူ ကလေ-းတွေအပါအဝင် အမျိုးသား၊ အမျိုးသမီး ၄၇ ယောက်ကို သူတို့နေရပ်ပြန်ပို့ပေးခဲ့ပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

တာချီလိတ်မြို့အတွင်း တောင်းရမ်းစားသောက်နေသူများအား ယခုအကြိမ်ပြန်လည်ပို့ဆောင်မှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်က ပထမအကြိမ်အဖြစ် (၄၁)ဦး၊ ၂၀၂၄ ခုနှစ်၊ ဇွန် ၈ ရက်က ဒုတိယအကြိမ်မြောက်အဖြစ် (၄၄)ဦးကို ၎င်းတို့၏နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here