နာဂဒေသ လဟယ်မြို့တွင် MSMEs လုပ်ငန်းအခြေနေများအား စစ်ဆေးနေ

0
60

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊လဟယ်မြို့တွင် စက်တင်ဘာလ (၅)ရက်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော MSMEs လုပ်ငန်းများအား လုပ်ဆောင်လျှက်ရှိနေသည်။

ထိုလုပ်ငန်းများအားကွင်းဆင်းစစ်ဆေးသော ကော်မတီဝင်များက မြေပြင်တွင်လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်ထားခြင်းရှိ/မရှိ၊‌ချေးငွေချေးယူထားသော အဖွဲ့က ချေးငွေပြန်လည်ပေးဆပ်ရန် ရှိ/မရှိ၊ ချေးငွေယူသည့်အဖွဲ့အစည်းများက တင်ပြသည့် အာမခံပစ္စည်း မှန်ကန် ကိုက်ညီမှု ရှိ/မရှိနှင့်လုပ်ငန်းများမြေပြင်၌ အမှန်တကယ် ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များက တင်ပြလာသည့် လုပ်ငန်းအခြေအနေများကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ကော်မတီထံ ဆက်လက်တင်ပြပြီးအကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here