ဖားကန့်တွင် ပစ်ခတ်မှုများပြန်လည်ဖြစ်ပွား၊ ဒေသခံအချို့တိမ်းရှောင်မှုများရှိလာဟု ဆို

0
162

ရက်အတန်အကြာ ပစ်ခတ်မှုများ ငြိမ်သက်နေသည့်ဖားကန့်ဒေသတွင် လက်နက်ကြီးပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာပြီးနောက် ဒေသခံအချို့ တိမ်းရှောင်မှုများရှိလာကြောင်း ဖားကန့်ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ယမန်နေ့ စက်တင်ဘာ(၅)ရက် ည(၇) အချိန်ခန့်တွင် ဖားကန့်မြို့ပေါ်ရပ်ကွက်ဖြစ်သည့် မြို့မရပ်ကွက်ဘက်တွင် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်းနှင့် ယနေ့ စက်တင်ဘာ (၆)ရက် နံနက်(၁၀)နာရီဝန်းကျင်အချိန်တွင်လည်း ဖားကန့်အထက်တန်း ကျောင်း တစ်ခုအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကျောင်းစာသင်ဆောင်အချို့ထိခိုက်မှုများရှိခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသတွင်း အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်မှုကြောင့် ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ဖြစ်စဉ်အခြေအနေကို ပေါ်ပြူလာနယူးစ်‌အနေဖြင့် သီးခြားအတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းက ဖြစ်ပွားခဲ့သော လမောင်ကုန်းနှင့် တောမှော်တိုက်ပွဲများအပြီး နှစ်ဘက်ထိတွေ့ပစ်ခတ်မှုများ ငြိမ်သက်နေပြီးနောက် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့ခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ -NY


LEAVE A REPLY

Please enter your comment!
Please enter your name here