လားရှိုးတွင် နေအိမ်များ ဆက်လက်ဖောက်ထွင်းခံနေရဆဲဖြစ်

0
70

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် လက်ရှိအချိန်အထိ မြို့ခံများ၏ နေအိမ်များဖောက်ထွင်းခံနေရဆဲဖြစ်ပြီး နေအိမ်အများစုသည် ပိုင်ရှင်ပြန်မလာသေးသည့် မြို့ခံများ၏ နေအိမ်များ ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

“လူမရှိတဲ့အိမ်တွေ ပိုဆိုးတယ်၊ နေ့ခင်းဘက်တွေတောင် ဝင်ယူနေကြတာ၊ လုံခြုံရေး မရသေးဘူး” ဟု မြို့ခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးကိုပြောသည်။

လက်ရှိတွင် လားရှိုးမြို့သို့ မြို့ခံအနည်းစုသာ ဝင်ရောက်ပြီး အများစုမှာ အကြောင်းအမျိုးမျိုးဖြင့် ပြန်မလာသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် လားရှိုးမြို့၌ ရပ်ကွက်အားလုံးနီးပါး အိမ်ဖောက်ထွင်းမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း၌ ဆုံးရှုံးသွားသည့် ပစ္စည်း အရေအတွက်ထက် ဖောက်ထွင်းခိုးယူခံရသည့် ပစ္စည်းအရေအတွက်တန်ဖိုးက ပိုများကြောင်းလည်း မြို့ခံများက ပြောသည်။

“အဓိကက စားကုန်ဆိုင်တွေပေါ့ အကုန်ကုန်တာပဲ၊ စားစရာက စျေးကြီးနေတာ” ဟု အထက်ပါ မြို့ခံသတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့မစျေးမှာလည်း ပိတ်ထားဆဲဖြစ်ကာ စျေးမျက်နှာစာရှိ ဆိုင်ခန်းတချို့ နာရီပိုင်းခန့်သာဖွင့်ထားပြီး ရောင်းချပေးကြောင်း ၎င်းက ပြောသည်။

ဆက်သွယ်မှုတွင်လည်း မြို့ပေါ်ရပ်ကွက်နေရာတချို့ဖုန်းလိုင်း ရရှိနေပြီး ဟု ဆိုသည်။

ထို့အပြင် ပြန်လည်နေထိုင်မှုနည်းပါးသည့် လားရှိုးမြို့တွင် ကုန်စျေးနှုန်းမြင့်တက်မှုနှင့်
စားဝတ်နေရေးအခက်အခဲများကြောင့်လည်း နေရပ်ပြန်ရေးအတွက် မြို့ခံအများစုက အခက်အခဲဖြစ်နေကြောင်း အထက်ပါ မြို့ခံကပင် မှတ်ချက်ပေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here