ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံသို့ ရုရှားတို့တက်ရောက်မည်ဟု မျှော်လင့်ကြောင်း ဇလန်းစကီးဆို

0
250

ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံတွင် မော်စကို ပါဝင်ရန်ကို အလေးထားကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးက ထပ်မံ ပြောကြားခဲ့ပါသည်။

“ရုရှား ကိုယ်စားလှယ်တွေ အဲဒီမှာ ရှိနေရမယ်။ သူတို့ကို ဖိတ်ရမယ်” ဟု NBC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူက ပြောကြားခဲ့သည်။ “ရုရှားဖက်ကမပါဘဲ ဒီစစ်ပွဲကို သံတမန်နည်းအရ အဆုံးသတ်ရတာ ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်”ဟုလည်း သူကဆိုသည်။

ယူကရိန်းနိုင်ငံဆိုင်ရာ ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဘာဂျင်စတော့တွင် ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်တို့က ယူကရိန်း၏ အစပြုမှုဖြင့် ကျင်းပခဲ့သည်။ ၎င်းညီလာခံ၏ နောက်ဆုံးထုတ်ပြန်ချက်ကို အာမေးနီးယား၊ ဘာရိန်း၊ ဘရာဇီး၊ ကိုလံဘီယာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ ဂျော်ဒန်၊ လစ်ဗျား၊ မက္ကဆီကို၊ ရဝမ်ဒါ၊ ဆော်ဒီအာရေးဗီးယား၊ တောင်အာဖရိက၊ ထိုင်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့မှ ထောက်ခံခြင်းမရှိခဲ့ချေ။ ရုရှားကိုလည်း ဖိတ်ကြားခြင်းမရှိခဲ့သလို အခြားနိုင်ငံများစွာကိုလည်း မဖိတ်ကြားခဲ့ချေ။ ထို့ကြောင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခရိုဗာက ထိုညီလာခံ လုံးဝမအောင်မြင်ခဲ့ဟု ဆိုသည်။ ထိုသို့သော စုဝေးမှုသည်လည်း ထာဝရငြိမ်းချမ်းရေးအတွက် အခြေခံအဖြစ် မဖြစ်နိုင်ဟု သူမက အလေးပေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here