ဂျော်ဂျီယာ‌ကျောင်းပစ်ခတ်မှုသံသယတရားခံ၏ဖခင်ကိုပါ ဖမ်းဆီး

0
282

အတ္တလန္တာ၊စက်တင်ဘာ ၆

အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၌ဖြစ်ပွားခဲ့သည့် အထက်တန်းကျောင်းပစ်ခတ်မှုဖြစ်စဉ်တွင် လေးဦး‌ေ-သဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ တရားခံ၏ဖခင်ကိုပါ အာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်းသိရသည်။

အသက် ၅၄ နှစ်အရွယ်ရှိ မစ္စတာကောလင်းဂရေးကို ကြိုတင် ရည်ရွယ်ချက်မရှိဘဲလူ‌ေ-သစေမှုဖြင့် စွဲချက်‌လေးခု၊ဒုတိယအဆင့်လူသ–တ်မှုဖြင့် စွဲချက်နှစ်ခု နှင့် ကလေ-းများအပေါ် ရက်စက်မှု နှင့် စွဲချက်ရှစ်ခုတို့ဖြင့် အသီးသီးစွဲချက်တင်ထားကြောင်းလည်း ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုကပြောကြားခဲ့သည်။

မစ္စတာကောလင်းသည် အသက်မပြည့်သေးသည့်ကလေ-းကို လက်နက်ကိုင်ဆောင်စေခြင်းကြောင့်ဖြစ်ပြီး ပြစ်မှုကျူးလွန်ချိန် ၌ အသုံးပြုသည့်‌ေ-သနတ်သည် ၎င်းက သားဖြစ်သူအား ကျောင်းအားရက်အတွင်း လက်ဆောင်အဖြစ်ဝယ်ပေးထားခြင်းဖြစ်သည်ဟုသိရသည်။

ယခုဖြစ်စဉ်အတွင်း ပြစ်မှုကျူးလွန်သူ အသက် ၁၄ နှစ်အရိယွယ်ရှိ ကော့တ်ထ်ဂရေးကိုမူ လူသ-တ်မှု ပုဒ်မ လေးခုနှင့်စွဲချက်တင်ထားပြီး က‌လေ-းတစ်ဦးအနေနှင့်မဟုတ်ဘဲ အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် စီရင်ချက်ချသွားမည်ဟုလည်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here