လူသ–တ်ကာဆိုင်ကယ်လုယူပြီးနောက် ၎င်းထံဖုန်းဆက်ရန် စာရေးခဲ့သည့် မြန်မာနိုင်ငံသားအား ထိုင်းရဲ စုံစမ်းနေ

0
180

မြန်မာနိုင်ငံသားတစ်ဦးက လူသ–တ်ကာ ဆိုင်ကယ်လုယူသွားပြီး”ကျွန်တော်မှားခဲ့ရင် ဖမ်းမယ်ဆိုရင် ဖုန်းဆက်၊ ဆိုင်ကယ်ယူသွားပါတယ်” ဟုစာရေးသား၍ တိမ်းရှောင်နေသည့်အတွက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့ စက်တင်ဘာလ (၅) ရက် ညပိုင်းက ထိုင်းနိုင်ငံ၊ ပရာကျွှပ်ခီလီခန်ခရိုင်၊ မူယန်မြို့နယ်၊ အောင်နွဲ့ကျေးရွာအုပ်စု၊ အမှတ် ၅ ရပ် ကွက်၊ ဘန့်နောင်စူယာအပိုင်အတွင်းဖြစ်ပွါးခဲ့သည်ဟု မြဝတီမဲဆောက်မီဒီယာက၏ ရေးသားဖော်ပြချက်အရ သိရသည်။

‌ေ-သဆုံးသူမှာ အသက် (၃၉) နှစ်အရွယ် မြန်မာနိုင်ငံသား ကိုအောင်ဆိုသူဖြစ်ခါ ၎င်းတို့ နှစ်ဦးခင်မင်ရင်းနှီးသည်မှာ တစ်လကျော်သာ ရှိသေးသည်။

ထိုဖြစ်စဉ် ဖြစ်ပွားအပြီး ပြစ်မှုကျူးလွန်သူက ၎င်း၏လုပ်ရပ်မှားသည်ဟုထင်၍ ဖမ်းဆီးမည်ဆိုပါက ဖုန်းဆက်ရန် စာရွက်တစ်ခုပေါ် ရေးသားထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်၍ ထွက်ပြေးတိမ်းရှောင်သွားသည့် မြန်မာနိုင်ငံသားအား တရားဥပဒေအရ အရေးယူဆောင်နိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့က တရားခံ၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြဝတီမဲဆောက်မီဒီယာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ- မြဝတီမဲဆောက်မီဒီယာ


LEAVE A REPLY

Please enter your comment!
Please enter your name here