(၃၇)ကြိမ်မြောက် Thai King’s Cup ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ် ဆွတ်ခူးရရှိ

0
279

(၃၇)ကြိမ်မြောက် Thai King’s Cup ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံက သိရသည်။

ရွှေတံဆိပ်ခွတ်ခူးရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းသည် Mixed Regu Event (၅)သင်း အုပ်စုပတ်လည်စနစ်တွင် ပြိုင်ဘက်အသင်း (၄)သင်းကို အနိုင်ယူကာရွေတံဆိပ်ဆုကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ထို့အတူ မြန်မာ ပိုက်ကျော်ခြင်း အမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့်လည်း အမျိုးသမီးကွင်းသွင်းခြင်းခတ်ကစားနည်း (Women Hoop Event)မှ ငွေတံဆိပ်ဆု တစ်ခုကို ဆွတ်ခူးထားနိုင်ခဲ့သေးသည်။

လက်ရှိတွင် Thai King’s Cup ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာအသင်းလက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အနေဖြင့် ရွေတံဆိပ်ဆု (၁)ခု၊ ငွေတံဆိပ်ဆု (၁)ခုနှင့် ကြေးတံဆိပ်ဆု (၁)ခု တို့ကို ဆွတ်ခူးထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က အသိပေးထားသည်။

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း လက်ရွေးစင် ကစားသမားများသည် စက်တင်ဘာလလ (၁) ရက်နေ့မှ (၈) ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်


LEAVE A REPLY

Please enter your comment!
Please enter your name here