အင်းစိန်(BPI) ဆေးဝါးစက်ရုံမှ ဆေးဝါးများကို ဆေးရုံများသို့ အဓိကဖြန့်ဖြူးနေ

0
78

စက်မှုဝန်ကြီးဌာန မြန့်မာ့ဆေးဝါးလုပ်ငန်း လက်အောက်ရှိ BPI စက်ရုံ (အင်းစိန်) ဆေးဝါးစက်ရုံနှင့် ဆေးဝါးစက်ရုံ အင်ရောင်း မှ ဆေးအမျိုးအစား များစွာထုတ်လုပ်လျက်ရှိပြီး ဆေးရုံများသို့ အဓိကဖြန့်ဖြူးပေးနေကြောင်း အဆိုပါစက်ရုံမှ သိရသည်။

” အဓိကတော့ ကျွန်တော်တို့က ဆေးပြာတွေ ၊ အသက်ကယ်ဆေးတွေ ၊ မြေဆိပ်ဖြေဆေးတွေထုတ်တယ်။ မေးခိုင်ကာကွယ်ဆေးတွေထုတ်တယ်။ ဆေးအမျိုးမျိုးထုတ်တာပေါ့။ ဆေးဝါးကို အဓိကတော့ ကျန်းမာရေးဝန်ကြီးဌာနတွေကနေတဆင့် မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ဆေးရုံတွေကို အဓိကဖြန့်ဖြူးပေးတယ်။ ပြီးတော့ အရောင်းဆိုင်တွေကို ဖြန့်ဖြူးပေးတယ်။ အရောင်းကိုယ်စားလှယ်တွေကိုရွေးချယ်ခန့်ထားပြီးတော့ ဖြန့်ဖြူးပေးတယ်” ဟု BPI စက်ရုံ (အင်းစိန်) တာဝန်ရှိသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

စက်မှုဝန်ကြီးဌာနရှိ ဆေးဝါးစက်ရုံ (အင်းစိန်) နှင့် ဆေးဝါး စက်ရုံ (အင်ရောင်း) တို့တွင် အနောက်တိုင်း ဆေးဝါးများကို စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့များနှင့် အများပြည်သူများသို့ ရောင်းချဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ထုတ်ကုန်များအနေဖြင့် ဆေးပြား/ဆေးတောင့်  ၈၀ မျိုး၊ ဆေးရည် – ၂၄ မျိုး၊ လိမ်းဆေး – ၉ မျိုး၊ဆေးမှုန့် – ၃ မျိုး၊ ထိုးဆေး – ၅၃ မျိုး၊ သွေးကြောသွင်းဆေးရည် – ၁၆ မျိုး၊ ကာကွယ်ဆေးနှင့်အဆိပ်ဖြေဆေး – ၁၂ မျိုး စုစုပေါင်း ၁၉၇ မျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here